ပေါက်စီကြားမှဓူဝံကြယ်

23.3K 459 243
                                        

" ခြံကိစ္စပဲစကားပြောကြတာပေါ့"

ခါးသည် မေနှင်းဆီထံမှ
ပထမဆုံးနဲ့နောက်ဆုံးပဲဟုဆုံးဖြတ်ကာ
ထွက်ပြေးလာပြီးနောက်
ရုတ်တရက်ပြန်တွေ့လိုက်ရတာမို့ခြေမကိုင်မိလက်မကိုင်မိဖြစ်နေရတော့သည်။

နဖူးကိုလက်နဲ့ကုတ်လိုက် သူ့အားတွေတွေကြီးကြည့်နေသော မေနှင်းဆီဖြူအားကြည့်လိုက်နှင့်လူကဂနာမငြိမ်တော့ပါ။

ရင်တွေခုန်ကာခြေဖျားလက်ဖျားတွေအေးစက်နေတာများဆယ်ကျော်သက်ကောင်လေးတစ်ယောက်လိုပင်ခံစားလိုက်ရသည်။

သေချာတာတစ်ခုကတော့သူဟာအခုချိန်ထိမေနှင်းဆီရဲ့ ရပ်ဝန်းကမလွတ်မြောက်နိုင်သေးပါ....

" မောင်ကဒီခြံကိုတကယ်လိုချင်တာလား"

" အင်း လိုချင်တယ်ဘယ်လောက်နဲ့ရောင်းမှာလဲ"

ခါးသည် ခုံကိုလက်နဲ့ ဂနာမငြိမ်ခေါက်ရင်းဖြေသည်။

" ဒါဆိုတစ်ခုတော့လုပ်ပေးရမယ်"

မေနှင်းဆီသည် သူနားတိုးကပ်လာတာမို့
ခါးသည် ခပ်ရွံ့ရွံ့နောက်ကိုဆုတ်သွားမိတော့သည်။

" ဘာ... ဘာလုပ်ပေးရမှာလဲ"

" ကျွန်မကိုပြန်ချည်ပါမောင်"

မေနှင်းဆီသည် သူ့ရဲ့ ရှေ့တည့်တည့်မှာရပ်ပြီး
ခါးရဲ့မေးဖျားတွေကို သူမလက်ဖျားလေးတွေနဲ့အတူဆွဲမော့စေခဲ့သည်။

" ကျွန်မ မောင့်ကိုချစ်တယ်"

ချိုမြိန်နူးညံ့သော ဝန်ခံစကားအဆုံး

သိပ်မြတ်နိုးခဲ့သည့်သူမရဲ့ဆံပင်ညိုညိုလေးတွေဟာ
သူ့အပေါ်အိကျလာသည် ။

စွဲလမ်းနှစ်သက်ခဲ့ဖူးတဲ့ ကိုယ်သင်းနံ့လေးဟာလည်း
သူ့နှာခေါင်းထဲတိုးဝင်လာတော့သည်။

အဲ့ဒီနောက် တဖန်ထပ်ပြီး သူမနှုတ်ခမ်းတွေရဲ့ ထူးခြားစွဲမက်ဖွယ်အထိအတွေ့အောက် သူဟာမျောသွားရပြန်သည်။

" ဖြစ်ခဲ့သမျှအတွက်
ကျွန်မတောင်းပန်ပါတယ်"

မေနှင်းဆီဖြူသည် သူ့​၏နှုတ်ခမ်းတွေကိုနမ်းရင်း
ခပ်တိုးတိုးဆိုသည်

မောင့်ရင်ထဲမှာနေမလား Where stories live. Discover now