" မေဖြူ"
သူမနာမည်ခေါ်ပြီးကိုသီဟသည်အခန်းတံခါးကို ခပ်ဟဟဖွင့်လိုက်သည်။လာချပေးသောထမင်းပန်းကန်ကို မေနှင်းဆီဖြူသည်ခပ်တွေတွေသာငေးစိုက်ကြည့်လိုက်သည်။
စားချင်စိတ်လည်းမရှိသလို
အသက်ဆက်ရှင်ချင်စိတ်လဲမရှိတော့ပါ...အပြင်ထွက်ခွင့်မရှိဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ အတူ
သူမသည်နောက်တစ်ကြိမ် သစ်မှောင်ခိုစခန်းထဲ အချုပ်ကျနေပြန်သည်။အရင်စခန်းကမှ
သူမကိုလူနဲ့သူနဲ့နေအောင်ထားသေးသည်
အခုလိုမဲမှောင်ညစ်ပတ်မနေပါ။ရှင်ကြီးကျားထက်ဆိုးသောသူမအဖြစ်သည်ရယ်စရာကောင်းလှသည်
" ကျွန်မကိုလွှတ်ပေးပါ ရှင်တို့ကိစ္စထဲကနေ
ကျွန်မဝေးဝေးကနေပါ့မယ်"" Sorry မေနှင်းဆီဖြူရဲ့ အခုလောလောဆယ် မင်းကခါးရဲ့အားနည်းချက်ဖြစ်နေတယ် မင်းလိုအဖိုးတန်တဲ့သူကိုငါတို့လွှတ်ပေးလို့မရဘူး"
" ရှင်မှားနေပြီကိုသီဟ ခါးနဲ့
ကျွန်မနဲ့ကဘာပတ်သက်မှုမှမရှိဘူး"ဘာလို့များယခုထက်တိုင်
ဒီခါးဆိုတဲ့ပုဂ္ဂိုလ်နဲ့ကင်းတဲ့
ဘဝကမလွတ်မြောက်နိုင်သေးတာလဲခါးသည်သူမအတွက်ရေစက်ဆိုး
ခါးသည် သူမအတွက် အမုန်းဆုံးလူမေနှင်းဆီဖြူသည် ခြင်လေးတစ်ကောင် ပုရွက်ဆိတ်လေးတစ်ကောင်ကိုဖိသတ်ဖို့ပင်သနားမိသော်လည်း
ခါးကိုတော့
အမုန်းတရားတွေများလွန်းလို့ သူမလက်နဲ့စိစိကျေအောင်သတ်ပစ်ချင်နေမိသည်။" မင်းဘက်ကမဆိုင်ပေမဲ့ အဲ့ဒီ့ကောင်စောက်ရူးက
မင်းကို အသည်းအသန်ဖြစ်နေတာလေ"ပါးစပ်ကပြောလို့ပင်မဆုံးသေး စခန်းဝက ဝုန်းဝုန်းဒိုင်းဒိုင်းသေနတ်အသံတွေကြောင့် ကိုသီဟတွန့်ခနဲဖြစ်သွားသည်
" ဘုရားဘုရား ဒင်းလာတာလား"
မေဖြူရေရွတ်နေခိုက် ကိုသီဟလည်း ခါးထဲကခြောက်လုံးပြူးကိုကိုင်ကာ စခန်းဝကိုထွက်သွားတာမို့
သူမရဲ့ အချုပ်ခန်းတံခါးလေးဟာ ဟ ရက်ကျန်ရစ်ခဲ့သည်။
BẠN ĐANG ĐỌC
မောင့်ရင်ထဲမှာနေမလား
Phiêu lưuအတ္တကြီးတယ်ပဲပြောပြောပါ ငါနဲ့စခဲ့တဲ့ဇာတ်လမ်းမို့ ငါနဲ့ပဲအဆုံးသတ်ခွင့်ပြုမယ် ဒါကိုမှမင်းကစောဒကတက်ပြီး ငါနဲ့အဆုံးမသတ်ချင်ရင်တော့ မင်းကိုပါအဆုံးစီရင်ပေးမယ် တဇွတ်ထိုးတဇောက်ကန်း တောရိုင်းတိရိစ္ဆာန်နဲ့ သစ်မှောင်ခိုလုပ်နေတဲ့ ခါးတစ်ယောက် နူးညံ့သိမ်မွေ့လွန်...