ကျုံးဘေးမှာစက်ဘီးတစ်စီးနဲ့ပတ်နေရင်း
တစ်စုံတရာသောမြင်ကွင်းကြောင့်
မြပွင့်စက်ဘီးလေးဟာအရှိန်တွေလျော့သွားခဲ့သည်။လမ်း ၈၀ ကျုံးလမ်းကလက်ဖက်ရည်ဆိုင်အတွင်း
ထိုင်နေတဲ့လူတွေကြားမှာ သူမရင်ခုန်မိသောတစ်စုံတစ်ယောက်ရှိနေခဲ့သည်။"ဘုရားလည်းဖူးလိပ်ဥလည်းတူး
ဘဘကြီးလည်းနေမကောင်းတော့ လမ်းကြုံဆိတ်စွပ်လေးလည်းဝင်ဝယ်ရတာပေါ့"မြပွင့်သည် စက်ဘီးအပြာလေးကို သေသေချာချာသော့ခတ်ပြီးဆိုင်ထဲဝင်လာခဲ့သည်။
ထိုအမျိုးသားနဲ့ မျက်နှာချင်းဆိုင်အနေအထားဖြစ်သောထိုင်ခုံမှာ ဒူးချိတ်ထိုင်ရင်း
အလကားရတဲ့ရေနွေးကြမ်းသောက်ရတာဟာပုံမှန်ထက်ချိုနေသလိုပင်" မင်းဘာလာလုပ်တာလဲ"
အနောက်မှာကြားလိုက်ရတဲ့အသံကြောင့်
မြပွင့်၏ အကြည်ဓာတ်တွေအလုံးစုံပျက်သွားရတော့သည်။" ဒါရှင့်ဆိုင်မို့လို့လား"
မြပွင့်သည် ဘုဘုဘောက်ဘောက်ပြောပြီး မျက်နှာကိုမဲ့ရွဲ့ပစ်လိုက်သည်။
ညက 5-0 နဲ့ရှုံးထားသော
မန်ယူတံဆိပ်အင်္ကျီကိုလူကြားထဲဝတ်ထားသောထိုငနဲသည် တော်တော်ရယ်ရသည်ဟုလည်းတွေးမိပါသည်။" ဒါပေမဲ့ ငါတို့ရှိတဲ့နေရာတိုင်းမင်းကိုတွေ့နေတာ
ပုံမှန်မဟုတ်ဘူး မင်းကိုဘယ်သူလွှတ်ထားတာလဲ"စပ်စပ်စုစုနဲ့လူကိုတရားခံစစ်နေသော ထွန်းလူကို ထိုကလေးမဟာ ဘာမှပြန်မပြောပါ
" တော်တော်အကြောတင်းတဲ့ဟာလေး"
ပေစောင်းပေစောင်းနဲ့ လူကိုကြည့်နေသော ထွန်းလူအားမြပွင့်သည်အတော်အမြင်ကတ်မိပါသည်။
ဒီလူကဘာလို့တချိန်လုံးတူတူရှိနေရတာလဲ
စိတ်ထဲမှ fujoshi အတွေးတွေကိုဖျောက်ဖျက်ရင်းခေါင်းတွေခါယမ်းမိသည်။
" အမမှာထားတဲ့ ဆိတ်စွပ်ရပြီ"
စားပွဲထိုးလာပေးတဲ့ ဘူးကိုယူကာ
မြပွင့်သည်ထိုနေရာမှချာခနဲလှည့်ထွက်လာလိုက်သည်။
.
.
.
.
![](https://img.wattpad.com/cover/300809319-288-k129095.jpg)
ESTÁS LEYENDO
မောင့်ရင်ထဲမှာနေမလား
Aventuraအတ္တကြီးတယ်ပဲပြောပြောပါ ငါနဲ့စခဲ့တဲ့ဇာတ်လမ်းမို့ ငါနဲ့ပဲအဆုံးသတ်ခွင့်ပြုမယ် ဒါကိုမှမင်းကစောဒကတက်ပြီး ငါနဲ့အဆုံးမသတ်ချင်ရင်တော့ မင်းကိုပါအဆုံးစီရင်ပေးမယ် တဇွတ်ထိုးတဇောက်ကန်း တောရိုင်းတိရိစ္ဆာန်နဲ့ သစ်မှောင်ခိုလုပ်နေတဲ့ ခါးတစ်ယောက် နူးညံ့သိမ်မွေ့လွန်...