" တတီတီ"
မြည်နေသောသွေးခုန်နှုန်းတိုင်း monitorကိရိယာမှာ အခုလိုပုံမှန် Pulse ပေါ်ဖို့ ဆိုတာအတော်မလွယ်ကူသည့်အရာပင်ဖြစ်သည်။ကံကောင်းထောက်မစွာနဲ့နှလုံးကိုကပ်လွဲသွားတဲ့
ကျည်ဆန်ကြောင့် အသက်မသေပေမဲ့ခါးသည်ရက်ပေါင်းအတော်ကြာသည်ထိ ဆေးရုံကုတင်ပေါ်မှာမေ့မြောနေခဲ့သည်။
ဒီတစ်ကြိမ်ပြန်နိုးထလာတော့ မျှော်လင့်ချက်တွေ ခံစားချက်တွေအကုန်လုံး Teng river နဲ့ မျောပါသွားခဲ့တော့သည်။
" ပင်လယ်မှာ ငါးတွေအများကြီးပါဆရာခါးရယ်
ဘာလို့ အဆိပ်ရှိတဲ့ ငါးပူတင်းကိုမှရွေးကြိုက်ရတာလဲ"လောလောလတ်လတ်ကြီးအသည်းဟက်တက်ကွဲထားတဲ့ လူမို့ ထွန်းလူပြောစကားကို ခေါင်းငြိမ့်ကာထောက်ခံလိုက်သည်။
" အေးလေ သူကငါ့ကို အသေပစ်သတ်ရက်တဲ့မိန်းမပဲ ဘာလို့မမေ့ပစ်နိုင်ရမှာလဲ
ငါကနွားမဟုတ်ဘူး"လူတစ်ယောက်သေဆုံးခြင်း
ရှင်သန်ခြင်းဆိုတာနံရံပါးတစ်ချပ်သာခြား၏
သေဆုံးခြင်းဟူသောအဲ့ဒီ့နံရံဘက်မှာမဲမှောင်အေးစက်ပြီးကြောက်စရာကောင်း၏ထိုနံရံဘက်အားခြေလှမ်းကြီးရဲရဲလှမ်းနိုင်အောင်
လုပ်ယူသည့် အချစ်ဆိုသည့်အရာကပိုကြောက်ဖို့ကောင်းသည်။.....................
" ရှာမတွေ့ဘူးလား"
"Teng မြစ်က အရှည်ကြီးလေအမရဲ့ လွန်ခဲ့တဲ့ ၂ ပတ်ကရေနစ်သွားတဲ့ လူကိုပြန်ရှာဖို့ဆိုတာ လွယ်မှမလွယ်တာ"
လှေသမားရဲ့စကားကြောင့် မေနှင့်ဆီဖြူ လှိုက်ခနဲငိုချမိလိုက်သည်။
အစနလေးတစ်ခုတောင်ပြန်မရတော့တာမို့ ခါးတစ်ယောက်လောကကြီးမှာမရှိတော့ဘူးလို့သတ်မှတ်ရတော့မှာလား
" တော်ပါတော့ သမီးရယ် တော်လိုက်ပါတော့
သမီးစိတ်ချမ်းသာအောင်အဖေလိုက်လျောပြီးပြီ
အဖေတို့သွားကြရအောင်"
VOUS LISEZ
မောင့်ရင်ထဲမှာနေမလား
Aventureအတ္တကြီးတယ်ပဲပြောပြောပါ ငါနဲ့စခဲ့တဲ့ဇာတ်လမ်းမို့ ငါနဲ့ပဲအဆုံးသတ်ခွင့်ပြုမယ် ဒါကိုမှမင်းကစောဒကတက်ပြီး ငါနဲ့အဆုံးမသတ်ချင်ရင်တော့ မင်းကိုပါအဆုံးစီရင်ပေးမယ် တဇွတ်ထိုးတဇောက်ကန်း တောရိုင်းတိရိစ္ဆာန်နဲ့ သစ်မှောင်ခိုလုပ်နေတဲ့ ခါးတစ်ယောက် နူးညံ့သိမ်မွေ့လွန်...