" ကျွန်တော်တို့ အပေးအယူလုပ်တဲ့ကိစ္စတွေမှာ
ဟိုကောင်တော်တော်ရှုပ်နေတာများပြီ"ထွန်းလူသည် ခါး ရဲ့ ပတ်တီးကို ဖြေကာဆေးထည့်ပေးနေရင်းပင်ခပ်တိုးတိုးဆိုသည်။
ဆစ်ခနဲနာလာသလိုခံစားလိုက်ရတဲ့ဒဏ်ရာကြောင့်ခါးတစ်ယောက်မျက်လုံးတွေခပ်မြန်မြန်ပိတ်လိုက်ရသည်။
" ဆရာခါးသူ့ကိုဘာလို့အခုထိမရှင်းသေးတာလဲ
သူကဒုက္ခပေးမဲ့ကောင်နော်"ဘယ်သူ့ကိုရည်ရွယ်ပြောနေမှန်းလည်းသူကောင်းကောင်းသိပါသည်။
သို့ပေမဲ့လောကမှာဆွေမျိုးဆိုလို့ ထိုလူတစ်ယောက်တည်းသာရှိတော့တာမို့ ခါးသည် သိသိရက်နဲ့ မသိချင်ယောင်ဆောင်ထားရခြင်းပင်ဖြစ်သည်။
လွန်ခဲ့တဲ့ ၈ နှစ်.......
" သူကကျွန်မသားမဟုတ်ဘူး
ခဏခဏရှင့်နားလာနေတာကျွန်မကကျိတ်မှိတ်ပြီးကြည်ဖြူနေရမှာလား"ခါးသည် အိမ်အဝမှာကြားလိုက်ရတဲ့စကားကြောင့် တံခါးဝမှာတင် ခြေစုံရပ်နေမိသည်။
" သူကလည်းကလေးလေကွာ
မင်းနည်းနည်းပါးပါးနားလည်ပေးလို့မရဘူးလား"ခါး၏အဖေ ဦးခွန်မြတ်မောင်သည်
ဘိန်းဘုရင်ဟု လင်းခေးတစ်ဝိုက်မှာထင်ရှားသူဖြစ်သည်ခါးသည်လည်း တောင်ကြောတွေကြားထဲမှာအဖေစိုက်ခဲ့တဲ့ ခရမ်းရောင် ပန်းရောင်ပွင့်နေသော ဘိန်းပန်းတွေကြားကြီးပြင်းလာသူတစ်ယောက်ဖြစ်သည်
သို့ပေမဲ့ ခါးသည် အဖေကိုအဖေဟုတစ်ခါမှရဲရဲပင်မခေါ်ဖူးပါ...
အဖေသည် အိမ်ထောင်အတည်တကျရှိနေပြီးမှ
ခါး၏အမေနှင့်တိတ်တဆိတ်ဖောက်ပြန်ခဲ့တာဖြစ်သည်။ခါး၏အမေသည် ဘိန်းမည်းတွေခြစ်တဲ့ အလုပ်သမားဖြစ်သည်။
ခါး၏အမေသည် မွေးမွေးပြီးချင်းဆုံးသွားသည်ဟုကြားပေမဲ့ အမေ့သေဆုံးခြင်းအတွက် တစ်စုံတစ်ယောက်မှာပယောဂမကင်းမှန်း ခါးကောင်းကောင်းရိပ်မိသည်။
![](https://img.wattpad.com/cover/300809319-288-k129095.jpg)
VOUS LISEZ
မောင့်ရင်ထဲမှာနေမလား
Aventureအတ္တကြီးတယ်ပဲပြောပြောပါ ငါနဲ့စခဲ့တဲ့ဇာတ်လမ်းမို့ ငါနဲ့ပဲအဆုံးသတ်ခွင့်ပြုမယ် ဒါကိုမှမင်းကစောဒကတက်ပြီး ငါနဲ့အဆုံးမသတ်ချင်ရင်တော့ မင်းကိုပါအဆုံးစီရင်ပေးမယ် တဇွတ်ထိုးတဇောက်ကန်း တောရိုင်းတိရိစ္ဆာန်နဲ့ သစ်မှောင်ခိုလုပ်နေတဲ့ ခါးတစ်ယောက် နူးညံ့သိမ်မွေ့လွန်...