" ဖြေးဖြေး...
မိန်းမ"စခန်းတစ်ခုလုံးသည်ဂျစ်ကားပေါ်မှဆင်းလာသော
မေနှင်းဆီဖြူအား အဖိုးတန်ကြွေခွက်ကလေးလိုတယုတယဂရုစိုက်ရင်းဆင်းလာသော
ဆရာခါးအားအံ့ဩသင့်ကာငေးကြည့်နေကြသည်။" ဆရာခါး....ဒါက..."
" တိတ်တိတ်နေ...မင်းပါးစပ်ပိတ်"
ခါးသည်စကားတစ်ခွန်းမှအပြောမခံပဲ မေနှင်းဆီရဲ့ လက်ကလေးတွေကို တယုတယဆုပ်ကိုင်ရင်း လှိုက်လှိုက်လှဲလှဲပြုံးနေခဲ့သည်။
" မောင်လာခဲ့မယ် အခန်းထဲခဏစောင့်နေနော်"
မေနှင်းဆီဘက်လှည့်ရင် မျက်နှာကဖြီးနေတက်ပေမဲ့
ပါးစပ်တပြင်ပြင်ဖြစ်နေသောထွန်းလူဘက်ကိုတော့ ခါးသည် ဘုကြည့်ကြည့်ရင်း ရန်လုပ်တော့မဲ့ပုံပင်အိမ်ထဲဝင်သွားသော မေနှင်းဆီအား ခါးသည်မျက်စိတဆုံးငေးကြည့်နေခဲ့သည်။
" ဆရာခါး ဒီမိန်းမကို ဘာလို့"
တပည့်ဖြစ်သူထွန်းလူသည် လွှတ်ပေးမယ်ပြောပြီး စခန်းပြန်ခေါ်လာတာမို့ ဆရာခါးကိုလက်ဖျားရောခြေဖျားပါခါမိတော့သည်။
" ဒီနေ့ကစပြီး သူကငါ့အမျိုးသမီးပဲ
ဒီမိန်းမဆိုတဲ့အသုံးအနှုန်းအစား ဆရာကတော်လို့ပြောင်းခေါ်"" ကျွန်တော်...က ဆရာခါးကိုစိတ်ပူတာပါ"
အသံတွေတိုးတိတ်သွားပေမဲ့ ထွန်းလူဟာမကျေနပ်ပါ
အခုပဲငိုချတော့မဲ့ ပုံနဲ့ မျက်တောင်ကိုပုတ်ခတ်ပုတ်ခတ်လုပ်နေတော့သည်။" ငါသိတယ် ငါမင်းကိုနားလည်တယ် ဒါပေမဲ့"
ဒါပေမဲ့ဆိုတဲ့စကားနောက်ခါးသည်ဘာမှဆက်မပြောဖြစ်တော့ပါ
" ဆရာခါးက အဲ့ဒီ့မိန်းမနဲ့ဆိုရင်
ရွှေယုန်နဲ့ ရွှေကျားပုံပြင်လိုအဆုံးသတ်မှာပဲ"ထွန်းလူသည် သူ့အားပြောပြီး လှည့်ထွက်သွားတော့သည်။
" ဟာဒီကောင်
ကောင်မလေးကျနေတာပဲ"
أنت تقرأ
မောင့်ရင်ထဲမှာနေမလား
مغامرةအတ္တကြီးတယ်ပဲပြောပြောပါ ငါနဲ့စခဲ့တဲ့ဇာတ်လမ်းမို့ ငါနဲ့ပဲအဆုံးသတ်ခွင့်ပြုမယ် ဒါကိုမှမင်းကစောဒကတက်ပြီး ငါနဲ့အဆုံးမသတ်ချင်ရင်တော့ မင်းကိုပါအဆုံးစီရင်ပေးမယ် တဇွတ်ထိုးတဇောက်ကန်း တောရိုင်းတိရိစ္ဆာန်နဲ့ သစ်မှောင်ခိုလုပ်နေတဲ့ ခါးတစ်ယောက် နူးညံ့သိမ်မွေ့လွန်...