ကျားဘဝမှ

15.3K 464 163
                                        


ထွန်းလူလာချတဲ့သံပုရာရည်သည် ခေါင်းကိုက်တာကိုအနည်းငယ်ပြေပျောက်စေသော်လည်း
ဒေါသကိုတော့မပြေပျောက်နိုင်ပါ

" ဒင်းကို အသေသတ်မယ် အရေခွံခွာမယ်"

လက်ဆစ်တွေကိုတဂျွတ်ဂျွတ်ချိုးရင်း ခါးသည်အညိုးတကြီးရေရွတ်လိုက်တော့သည်။

" နှစ်ယောက်စလုံးကိုလား"

ထွန်းလူဖြတ်မေးလိုက်တော့ ခါးသည် တပည့်ဖြစ်သူကိုပါ စားမတက်ဝါးမတက်ကြည့်လိုက်သည်။
" မဟုတ်ဘူး မေနှင်းဆီဖြူကို
မင်းလက်နဲ့ထိစရာမလိုဘူး"

ဆရာခါးရဲ့ဒေါသကလည်း ကွက်ကျားမိုးကြီးပါလား

ကြည့်ရတာ အစကအသေမသတ်ပါနဲ့ပြောထားတဲ့ ကိုသီဟသည် ဆရာခါး​၏အကြီးမားဆုံးမက်မောစွဲလမ်းမှုကိုရယူသွားလို့ တော်တော်မကျေနပ်သည့်ပုံပင်

" သူကဘယ်လိုလုပ်ပြီး ကျားရဲ့မေ့ဆေးတွေရသွားတာလဲ"

" ကျွန်တော်ကို...ဟို...ဟိုနေ့ကလာတောင်းတာနဲ့ပေးလိုက်မိတာ"

ဂွတိုသည် မရဲတရဲဖြေသော်လည်း
မျက်နှာက ဇီးရွက်လောက်သာရှိတော့သည်။

" ဘာကိစ္စနဲ့ပေးရတာလဲမင်းက"

" မသိဘူးလေ ဆရာခါးပဲ ဆရာမလေးအကူအညီတောင်းရင်ဘာဖြစ်ဖြစ်ပေးရမယ်မှာထားတာကို"

" လီးကိုအကူအညီပေး
မင်းအမေက စခန်းကိုပါပြာချဖို့ သေနတ်ပေးဆိုလဲပေးမှာလည်း"

" ဆရာခါးကလည်း ကျွန်တော်ကအဲ့လိုလုပ်မလားဗျ"

ဂွတိုသည် တုံးသလောက် ထွန်းလူကတော့ အနည်းငယ်တော့လည်လည်ဝယ်ဝယ်ရှိသည်။

" ကျွန်တော်ထင်တော့ထင်သား ဒီမိန်းမက ဆင်ကြံကြံမယ်ဆိုတာ"

ပါးစပ်ကဘာမှပြန်မပြောပေမဲ့ ခါးသည် ထွန်းလူ​၏ပါးစပ်မှ မေနှင်းဆီဖြူအား ဒီမိန်းမလို့ ခေါ်လိုက်တဲ့ အသုံးနှုန်းကိုဘဝင်မကျပါ

မောင့်ရင်ထဲမှာနေမလား Donde viven las historias. Descúbrelo ahora