အတိတ်တချို့တစ်ဝက်

13.6K 475 115
                                    


" မနေ့ကဆိုကျွန်တော်တို့ဆင်စွယ်ကားကို
ဖြတ်ပြီးအတိုက်ခံရတယ်
သီဟက မျက်နှာ နှစ်မျိုးနဲ့လူပဲ ဆရာခါး"

ခါးသည် အမြဲလိုလို ပြုံးနေတက်သော ကိုသီဟကို ပြေးမြင်မိသည်။

ဆရာဝန်အဖြစ် ဘုရားတကာလိုလူကောင်းအလုပ်လုပ်နေပေမဲ့ တစ်ဖက်မှာလည်း ခါးတို့နဲ့ အပြိုင်အဖွဲ့အစည်းတစ်ခုနဲ့ ပတ်သက်နေသူဖြစ်သည်။

သီဟမြတ်မောင်သည် ခါးတို့ အဖေဖြစ်သူဦးခွန်မြတ်မောင်တို့လို ကြမ်းကြမ်းတမ်းတမ်းပုံစံမဟုတ်
ပျော့ပျော့ပျော့ပျော့နဲ့နံသောကြောင်ချီးဖြစ်သည်။

အဆိပ်ပင်ကအဆိပ်သီးသီးတယ်ပဲပြောရမလား ခါးနဲ့ သီဟမြတ်မောင်သည် ဦးခွန်မြတ်မောင်လိုပင်
ဒုစရိုက်သမားတွေအသီးသီးသာဖြစ်လာကြသည်။
သို့ပေမဲ့
သီဟမြတ်မောင်လက်ထက်တွင် အဖေ့အရှိန်အဝါတွေဟာ သေးနုတ်သွားတာတော့ အားလုံးမျက်မြင်ပင်

" အခု ဦးဧဒင်က ဆရာခါးကိုရော သီဟရောကို အထက်ထိရောက်အောင်တိုင်ဖို့ကြိုးစားနေတယ်"

ဒီကိစ္စတွေကြား မေနှင်းဆီဖြူ ဝင်ပါမိရင် အသက်အန္တရာယ်ရှိနိုင်တာကိုခါးသည်ဖျတ်ခနဲအ​တွေးဝင်လာမိသည်။

အသိအာရုံထဲမှာ ဦးဧဒင်သိုက်တစ်ယောက် ဒုက္ခလှလှတွေ့မှာ လည်းတွေးမိသည်။

" ဟိုဆရာဝန်မကို လုံးဝပြန်မလွှတ်နဲ့ "

" ဘာ... ဘာလို့လဲဆရာခါး"

" ပြဿနာတွေကြားသူ့ကိုမပါစေချင်ဘူး"

ခါး​၏အမိန့်ပေးမှုကို ထွန်းလူသည်ခေါင်းတဗျင်းဗျင်းကုတ်နေမိသည်

ဆရာခါးက ကျားတွေမှလွဲ၍ဘယ်လူသားတွေကိုမှ
စိတ်ပူပင်ဖူးသူမဟုတ်ပါ

" ဦးဧဒင်သိုက်ကို မေနှင်းဆီဖြူမျက်နှာနဲ့မို့ငါမရှင်းဘူး
ဒါပေမဲ့ မနေ့က ဝင်တိုက်တဲ့ စခန်းကိုတော့
မီးသွားရှို့ကြတာပေါ့
တစ်ခုပဲ သီဟကို အရှင်လိုချင်တယ်"

မောင့်ရင်ထဲမှာနေမလား Where stories live. Discover now