မောင်ခါး ခံလိုက်ရပြန်ပြီ

14.7K 459 108
                                    


ညနက်သန်းခေါင်မီးအိမ်ငယ်လေးကိုဆွဲကာ
ခပ်သုတ်သုတ်လမ်းလျှောက်လာသောမိန်းကလေးတစ်ဦးသည် လူတွေမမြင်အောင်ခြေလှမ်းတိုင်းကိုသတိထားနေခဲ့သည်။

သူမရဲ့မျက်လုံးတွေကလည်းကျီးကန်းတောင်းမှောက်ဖြစ်သည်။

လက်ထဲမှ ကျစ်ကျစ်ပါအောင်ဆုပ်ကိုင်ထားတာ သော့တံတစ်ချောင်း...

ဒီသော့ကိုရဖို့သူမဘယ်လောက်စွန့်စားခဲ့ရလဲသူမအသိဆုံးဖြစ်သည်။



လွန်ခဲ့တဲ့ နှစ်နာရီက

" ရှင်တို့ဆရာခါးရော"

ဝရံတာလှေကားအောက်မှရပ်ကာ ခပ်တင်းတင်းပြောပေမဲ့ မေနှင်းဆီအသံလေးတွေတုန်ယင်နေခဲ့သည်။

" ရှိတယ် ဘာဖြစ်လို့လဲ"

" ကျွန်မသူ့ကိုတွေ့ချင်လို့"

" နေဦး ဆရာခါးက ညဘက်ဆို ဘယ်သူနဲ့မှမတွေ့ချင်ဘူး မှာထားတယ် ဒါပေမဲ့မေးကြည့်ပေးမယ်"

သေချာခိုင်မာတဲ့အပြုံးနဲ့အတူ မေနှင်းဆီဖြူသည် ရပ်စောင့်နေလိုက်သည်

" ဒီနှာဘူးလားငါ့ကိုမတွေ့ချင်မှာ"

စိတ်ထဲကခပ်ဖွဖွကျိန်ဆဲပြီးမကြာလိုက်
အထဲဝင်သွားသောလူဟာချက်ချင်းပြန်ထွက်လာသည်

" လာခဲ့တဲ့"

ထိုသူသည် သူတို့​၏ဆရာသမားအခန်းထဲမဝင်ခင်
သူမ​၏ ခန္ဓာကိုယ်ပတ်ချာလည်အား မညှာမတာကိုင်တွယ်ပြီး လက်နက်ပါမပါစစ်ဆေးလိုက်သေးသည်။

" နာရီရယ်
ဖိနပ်ရယ်ချွတ်ခဲ့"

" ဘာလို့လဲ ဒီနာရီသေးသေးလေးက
ရှင်တို့ရဲ့ ဆရာခါးကို အနာတရဖြစ်စေမှာမို့လို့လား"

မေနှင်းဆီဆူအောင့်အောင့်လေးပြောတော့
ခါး​၏မှန်တံခါးကချက်ချင်းလက်ငင်းပွင့်လာတော့သည်။

လွှတ်လိုက်ပါ ရပါတယ်ဆိုတဲ့ အကြည့်နဲ့အတူ ခါးဟာစေ့စေ့ကြည့်တော့ ထွန်းလူသည် စိတ်မချစွာသူမကိုလွှတ်ပေးလိုက်ရတော့သည်။

မောင့်ရင်ထဲမှာနေမလား Donde viven las historias. Descúbrelo ahora