ကျားရဲရှေ့မှသားကောင်ငယ်

15.8K 389 222
                                        

" ခါး... ကျွန်မတောင်းပန်ပါတယ်"

သူ့ပုခုံးကို ခပ်ဖွဖွလာထိတွေ့သောလက်ကလေးတစ်စုံသည် နူးညံ့သလောက် အစွမ်းကုန်ရက်စက်​၏။

လူတွေအားလုံးသည် မေနှင်းဆီဖြူကိုဝိုင်းကြည့်နေတာ ခါးသိသည်။

ဝိုင်းကြည့်သည်ဆိုတာထက်အရေခွံဆုတ်ပစ်ချင်နေကြတာသေချာသည်။

" လာ"

ခါးသည် သူမလက်ကိုဆွဲကာ ဝိုင်းကြည့်နေတဲ့ မျက်ဝန်းတွေကြားမှ ဆွဲခေါ်သွားခဲ့ သည်။

ဒါဟာ ထွန်းလူနဲ့ ပြဿနာတက်သည့်ညကဖြစ်ရပ်နှင့်တူသည်။

သို့ပေမဲ့ ခါးကသူမကိုကြည့်တဲ့အကြည့်တွေဟာမတူတော့ပါ

ကြင်နာတက်တဲ့ မျက်ဝန်းတွေမဟုတ်တော့သလို
ခါးရဲ့ မျက်လုံးထောင့်တွေဟာရဲရဲနီလျက်ရှိသည်။

မေနှင်းဆီသည် သူမအားအတည်အတံ့ကြည့်နေသော ခါးရဲ့မျက်နှာကို ကျောချမ်းမိပါသည်။

                               .....................

" ခါး.... မေနှင်းဆီတကယ်တောင်းပန်"

အိမ်ထဲရောက်ရောက်ချင်း
တောင်းပန်ဖို့ ကြိုးစားပေမဲ့ခါးသည် သူမခန္ဓာကိုယ်လေးအား ဆွဲယူကာ နံရံထောင့်ကို ကပ်လိုက်သည်။

ခါးရဲ့ ရုတ်တရက်အပြုအမူကြောင့် မေနှင်းဆီတကယ်ကိုလန့်မိပါသည်။

" ဘယ်တော့မင်းဟန်ဆောင်တာရပ်မှာလဲ
မင်းဘာလိုချင်တာလဲ"

အသက်ရှူသံပြင်းပြင်းတွေနဲ့အတူ ခါး​၏ နှာတံချွန်ချွန်တွေဟာ သူမရဲ့ နားရွက်ကလေးတွေနားထိတိုးကပ်ကာမေးသည်။

ဘုရား.... ဘုရား သူအားလုံးသိနေတာလား

အခုအချိန်မှာသူမသည်ခါး​၏ လက်ခုပ်ထဲကရေလိုပင်

မေနှင်းဆီသည် ဆက်ပြီးဟန်ဆောင်လို့မရတော့ဘူးဆိုတာသေချာသွားတော့ တောင်းပန်မဲ့နည်းလမ်းကိုသာရွေးချယ်လိုက်သည်။

" ကျွန်မ... တောင်းပန်ပါတယ်"

ခါးသည် သူမကို စူးစူးစိုက်စိုက်ကြည့်နေခဲ့တာမို့
မေနှင်းဆီဖြူသည် ကြောက်လွန်းလို့ ယုန်ငယ်လေးတစ်ကောင်လိုငိုကြွေးနေတော့သည်။

မောင့်ရင်ထဲမှာနေမလား Donde viven las historias. Descúbrelo ahora