"ဘာလို့မင်းလက်ထဲကိုသေနတ်ပေးခဲ့တယ်ထင်လဲ
ငါမင်းကိုယုံကြည်လို့
မင်းငါ့ကိုမပစ်ရက်လောက်ပါဘူးလို့တွေးခဲ့လို့"လူကိုဒဏ်ရာအနာတရတွေပရပွနဲ့ထားခဲ့ပြီး
သူကျဘာမှမဖြစ်သလိုနေနိုင်လိုက်တာ မေနှင်းဆီဖြူလူတစ်ယောက်ကိုသေနတ်နဲ့ပစ်သတ်ပြီးသွေးအေးအေးလိပ်ပြာလုံလုံနေနိုင်လိုက်တာ......
ကျန်တဲ့နေရာမှာ ခြင်လေးတစ်ကောင်ပုရွက်ဆိတ်လေးတစ်ကောင်တောင်တောင်သနားလို့မရိုက်တက်တဲ့
မိန်းကလေးက....ငါဆိုတဲ့ ကောင်ကိုကျအကြိမ်ကြိမ်သေစေချင်နေတာမင်းတကယ်မတရားဘူး
နေ့လည်က ဓာတ်လှေကားထဲမှာ မြင်ခဲ့ရတဲ့ မြင်ကွင်းကို အကြိမ်ကြိမ်ပြန်တွေးရင်း
Cigarette အလိပ်ပေါင်းများစွာကို ပြာခွက်ထဲမှာထိုးထိုးထောင်ထောင်ဖြစ်သည်ထိသောက်နေခဲ့သည်။
အတ္တကြီးသည်ပဲပြောပြော ကလေးဆန်သည်ပဲပြောပြော ခါးသည်မေနှင်းဆီ သူမရှိပဲပျော်နေတာကိုမုန်းသည်။
"Bar သွားရအောင်ဆရာခါး"
နောက်ကခပ်သဲ့သဲ့အသံကြောင့် သူလှည့်ကြည့်လိုက်သည်။
မန္တလေးရောက်တာ ၂ ရက်တစ်ပိုင်းရှိသေးသည် ထွန်းလူသည် Bar ကိုခြေရာထပ်အောင်သွားချင်နေခဲ့သည်။
" ရောက်တုန်းလေး DJ လေးဘာလေးသွား
နားထောင်မယ်လေ"အမြဲလိုလို မနောနဲ့ နှစ်ပါးသွားနေတဲ့ထွန်းလူဆီမှ DJ ဆိုသောစကားကြားတာမို့ ခါးသည်မျက်ခုံးတွေပင့်တင်ပြီးကြည့်လိုက်သည်။
" မလိုက်တော့ဘူး
ကားယူသွားလိုက်"ခါးသည်သူ့ဘာသာသူတစ်ယောက်တည်း လောင်နေတာမို့
ကားသော့အား ထွန်းလူကိုပစ်ပေးလိုက်တော့သည်။ထွန်းလူကတော့အလိုက်သင့်ဖမ်းလိုက်ပြီးမြောက်ကြွမြောက်ကြွနှင့်သာဖြစ်သည်။
" ဒါဆိုသွားပြီနော်ဆရာခါး"
ဘယ်ကတည်းကသွားချင်နေလည်းမသိ ထွန်းလူတစ်ယောက် စူလလိပ်ရေထဲလွှတ်သလိုပင်လှစ်ခနဲဆင်းသွားလေသည်။
![](https://img.wattpad.com/cover/300809319-288-k129095.jpg)
ESTÁS LEYENDO
မောင့်ရင်ထဲမှာနေမလား
Aventuraအတ္တကြီးတယ်ပဲပြောပြောပါ ငါနဲ့စခဲ့တဲ့ဇာတ်လမ်းမို့ ငါနဲ့ပဲအဆုံးသတ်ခွင့်ပြုမယ် ဒါကိုမှမင်းကစောဒကတက်ပြီး ငါနဲ့အဆုံးမသတ်ချင်ရင်တော့ မင်းကိုပါအဆုံးစီရင်ပေးမယ် တဇွတ်ထိုးတဇောက်ကန်း တောရိုင်းတိရိစ္ဆာန်နဲ့ သစ်မှောင်ခိုလုပ်နေတဲ့ ခါးတစ်ယောက် နူးညံ့သိမ်မွေ့လွန်...