မထူးချွန်သောအရာတချို့

13.7K 447 76
                                    


အခန်းရှေ့ ရစ်သီရစ်သီလမ်းလျှောက်နေသော တစ်စုံတစ်ဦးကြောင့်မေနှင်းဆီသည်ထိပ်ခနဲရင်တွေခုန်သွားရသည်။

ဆွယ်တာအင်္ကျီလက်ရှည်အဖြူကိုဘောင်းဘီခပ်ပျော့ပျော့တစ်ထည်နဲ့ဝတ်လာသည့်သူ့ပုံစံသည်
ဖီးလိမ်းပြင်ဆင်ထားမှန်းတော့သိသာသည်။

အရွယ်နဲ့မလိုက်အောင်ကြီးမားတောင့်တင်းနေတဲ့ လက်မောင်းတွေကြောင့်လား
မြင့်မားတဲ့အရပ်အမောင်းကြောင့်လားတော့မသိ
သူ့နားရောက်ရင် မေနှင်းဆီဖြူသည် သေးသေးကွေးကွေးလေးဖြစ်ဖြစ်သွားရသည်။

အခုလည်းတစ်ချက်တစ်ချက် မေနှင်းဆီဖြူရဲ့ အခန်းဘက်ကိုလှမ်းကြည့်လိုက်
လက်ကိုနောက်ပစ်ထားပြီးလမ်းလျှောက်လိုက်နဲ့
ဂနာမငြိမ်သောထိုပုဂ္ဂိုလ်ကြောင့် မေနှင်းဆီဖြူ အပြင်ကိုတောင်ရဲရဲမကြည့်ရဲတော့ပါ

"ဟောကြည့်.... ပြောရင်းဆိုရင်း"

ထိုမိစ္စာကောင်ငခါးသည် မေနှင်းဆီဖြူရဲ့ အခန်းဆီတည့်တည့်လျောက်လာတာမို့ ရင်တွေတဒိန်းဒိန်ခုန်သွားခဲ့သည်။

" ဒေါက်... ဒေါက် ဒေါက်"

တံခါးခေါက်သံ က လက်စလက်နပြင်းပြင်းနဲ့မို့ထင်​၏ ပိုပြီးကျယ်ကျယ်လောင်လောင်ထွက်လာခဲ့သည်။

တံခါးခေါက်သံကအစ ရယ်သံအဆုံးဘာလို့ မုန်းစရာကောင်းနေတာလဲ...

" ဘယ်... ဘယ်သူလဲ"

မေနှင်းဆီဖြူရဲ့ မေးခွန်းကို တံခါးချပ်ရဲ့တစ်ဖက်မှ ထိုငခါးသည်စက္ကန့်အနည်းငယ်ကြာသည်အထိမဖြေပါ...

" မောင်ပါ..."

" ဘယ်ကမောင်လဲ"

သိသိရက်နဲ့ အမြင်ကတ်စွာမေးလိုက်တဲ့ နှင်းဆီဖြူအားခါးသည် သဘောကျစွာ ပြုံးမိသည်

သူ့အတွက်တော့ ဒီဟာမလေးကို သဘောကျလွန်းလို့သေတော့မလိုဖြစ်နေပေမဲ့
သူမကျတော့အမုန်းကြီးမုန်းနေတာဖြစ်သည်။

" မောင်...ခါးပါ မနက်စာအတူစားရအောင် "

" ကျွန်မမနက်စာမစားတက်ဘူး"

မောင့်ရင်ထဲမှာနေမလား Donde viven las historias. Descúbrelo ahora