ဆိုင်ကယ်လေးတစ်စီး
ဆေးရုံဝင်းထဲငြိမ်သက်စွာရပ်လိုက်တဲ့အချိန်မှာတော့
ကော်ရစ်ဒါတစ်လျှောက်လုံးလူသူရှင်းနေပြီဖြစ်သည်။" ကျေးဇူးတင်ပါတယ် အကို"
မြပွင့်သည် အကို့မျက်နှာအား ပြုံးရင်းကြည့်နေပေမဲ့ အကိုကတော့ တစ်စုံတစ်ခုကိုရှာနေသလို
မျက်လုံးကဝေ့ဝဲကြည့်နေခဲ့သည်။" မြပွင့်ဦးလေးကို အကိုဝင်နှုတ်ဆက်လို့ရမလား"
ခါးရဲ့ စကားဟာအနည်းငယ်အူကြောင်ကြောင်ဖြစ်နေပေမဲ့ မြပွင့်ဟာ ဘယ်လိုထင်သွားလဲမသိ
အတော်လေးပျော်ရွှင်သွားတဲ့ဟန်နဲ့အတူသူ့လက်ကို ဖမ်းဆွဲတော့သည်။
" အကိုနှုတ်ဆက်ချင်တယ်ဆိုဦးလေးတင်မကဘူး
အမေတို့အဖေတို့နဲ့ပါမိတ်ဆက်ပေးမယ်
ပြီးတော့အကိုဘယ်နေ့အားလဲဟင် ထမင်းဖိတ်ကျွေးချင်လို့"" အင်း မနက်ဖြန်စားတာပေါ့"
ခါးသည်ပေါ့ပေါ့လျော့လျော့သာဖြေလိုက်ပေမဲ့ မြပွင့်သည် ပျော်လွန်းလို့ထခုန်မိတော့သည်။
" မင်းအမကမလာသေးတာလား"
သူ့အမေးကြောင့်မြပွင့်သည်အတော်လေးအံ့ဩသွားဟန်ဖြင့်ကြည့်သည်။
" အကိုက မြပွင့်မှာ အမရှိမှန်းဘယ်လိုသိတာလဲ"
မြပွင့်၏မေးခွန်းသည်ချောင်ပိတ်ရိုက်လိုက်တာမို့ ခါးတစ်ယောက်ဖြေရန်ခက်သွားခဲ့သည်။
" ဟို.. နေ့က ဓာတ်လှေကားထဲမှာမြပွင့်ကိုတွေ့တယ်လေ မနှုတ်ဆက်ရဲလို့ဒီတိုင်းထွက်လာတာ"
" ဒါဆို မန်ယူ keychain ကျန်ခဲ့တာအကိုလား"
မြပွင့်သည် ထိုနေ့ကအဖြစ်အပျက်ကို မျက်လုံးထဲခပ်ရေးရေးမြင်ယောင်လာခဲ့သည်။
အကိုဟာ သူမကို အရင်ကတည်းက
စောင့်ကြည့်နေခဲ့တာလား
စိတ်ကူးနဲ့ ရူးရင်းမြပွင့်တစ်ယောက်တည်းပြုံးနေမိတော့သည်။

BẠN ĐANG ĐỌC
မောင့်ရင်ထဲမှာနေမလား
Phiêu lưuအတ္တကြီးတယ်ပဲပြောပြောပါ ငါနဲ့စခဲ့တဲ့ဇာတ်လမ်းမို့ ငါနဲ့ပဲအဆုံးသတ်ခွင့်ပြုမယ် ဒါကိုမှမင်းကစောဒကတက်ပြီး ငါနဲ့အဆုံးမသတ်ချင်ရင်တော့ မင်းကိုပါအဆုံးစီရင်ပေးမယ် တဇွတ်ထိုးတဇောက်ကန်း တောရိုင်းတိရိစ္ဆာန်နဲ့ သစ်မှောင်ခိုလုပ်နေတဲ့ ခါးတစ်ယောက် နူးညံ့သိမ်မွေ့လွန်...