ယူကလစ်ပင်တန်း

12.2K 416 156
                                    


မျက်လုံးကိုဖွင့်ဖွင့်ချင်း
မျက်နှာကြက်ဖြူဖြူကိုတွေ့လိုက်ရတာမို့
ဆေးရုံကုတင်ပေါ်ရောက်နေမှန်း မေနှင်းဆီဖြူ သိလိုက်ရသည်။

ခပ်လှမ်းလှမ်းမှာထိုင်နေသောမောင်သည်
နံရံကိုမှီပြီး မျက်လုံးတွေမှေးစင်းနေခဲ့တာမို့
မေနှင်းဆီသည်မောင့်အားမနှိုးပဲ ငြိမ်သက်ကာ ငေးကြည့်နေခဲ့သည်။

အရင်လိုကတုံးဆံပင်ပေါက်ကေမဟုတ်တော့ပေမဲ့
မောင့်ဆံပင်မဲနက်နက်တွေသည်ကပိုကရိုနဲ့ရှည်နေတာကြည့်ကောင်းပါသည်။

မွှေးညှင်းတချို့ကလည်းမေးတစ်ဝိုက်မှာခပ်ရေးရေးပေါက်နေပေမဲ့မောင့်မျက်နှာနုနုလေးဟာတမျိုးတဖုံထူးခြားနေသလိုပင်

​"ရေဆာလား"

မောင်သည် အိပ်နေရာမှကမူးရှူးထိုးနိုးလာပေမဲ့
သူမကိုမြင်တော့ ရေပြေးခပ်သည်။

ရေကိုခါတိုင်းလိုပင်သူမနှုတ်ခမ်းလေးတွေနားထိတေ့ပေးသောမောင့်အပြုအမူသည်အရင်အတိုင်းသာဖြစ်​၏

" မောင် ကျွန်မကိုအရမ်းမုန်းနေလားဟင်"

သူမမေးခွန်းကို မောင်သည် အင်းလည်းမဖြေ ဟင့်အင်းလည်းမဖြေပါ

ဖန်ခွက်ကိုကိုင်ထားသောမောင့်ရဲ့လက်တွေကတော့ဆက်ခနဲဖြစ်သွားတာတွေ့လိုက်ရသည်။

မောင့်ရဲ့အေးစက်ထုံကျဉ်နေသောမျက်နှာသည်
စကားလုံးတွေအများကြီးထက်ပိုပြီးခံရခက်စေသည်။

သောက်ပြီးသားရေဖန်ခွက်ကို စင်ပေါ်တင်ပြီး လူနာကုတင်ရဲ့ ခပ်လှမ်းလှမ်းမှာ မောင်ဟာထိုင်ရင်း သူမကိုကြည့်နေခဲ့သည်။

"မောင့်ရဲ့တည်ရှိမှုတိုင်း
ဖြစ်တည်မှုတိုင်းကို မုန်းနေခဲ့တဲ့မေနှင်းဆီက
ဘာလို့ ဒါတွေသိချင်နေတာလဲ"

မောင်သည် ခပ်ရိုးရိုးသာမေးပေမဲ့ မေနှင်းဆီသည်ဘယ်ဘက်ရင်အုံတစ်ခုလုံးနာကျင်သွားရတော့သည်။

" ကျွန်မ... မောင့်ကိုဘယ်တုန်းကမှမမုန်းပါဘူး
မောင်ရယ်"

မေနှင်းဆီခပ်တိုးတိုးပြောတော့ မောင်ကပြုံးရုံပြုံးပြသည်။

မောင့်ရင်ထဲမှာနေမလား Onde histórias criam vida. Descubra agora