စာစဉ်(10)အပိုင်း(103)

728 54 2
                                    

Lengends of spring goddness

အပိုင်း(103) နေလပန်းရှိရာသို့

နောက်တနေ့မိုးသောက်လို့ ဖုန့်ဟွမ် ကျူးလစ်နားလျှောက်လာတော့ သူမက အဆောင်တခုမှာ သူမက အေးအေးလူလူလက်ဖက်ရည်သောက်ကာ စာအုပ်တအုပ်ကိုဖတ်လို့နေတယ်

ဖုန့်ဟွမ်ခြေလှမ်းတို့က သူမနားရောက်လာလေ ပိုလို့နှေးကွေးလာလေ

အလှလေးကိုကြည့်ရှူ့ဖို့ရာ သူ‌့ခြေလှမ်းများရပ်တန့်လိုက်တဲ့အထိ သူဘာလုပ်နေမှန်း သတိမထားမိခဲ့

လေပြေနွေးနွေးလေးဖြတ်တိုက်ကြည်စယ်သွားတော့ ယောကျာ်းပျိုလေးတယောက်လိုထုံးထားတဲ့ဆံနွယ်များကိုပင့်တင်ပေးထားတဲ့ဆံကျစ်ကြိုးများကအသာလှုပ်ခတ်သွားခဲ့တယ်

အဲ့အခိုက်အတန့်မှာ သူမရဲ့ဖြူဝင်းတဲ့ဂုတ်သားလေးပေါ်က အမွှေးနုလေးတွေပါယိမ်းနွဲ့သွားတာကိုသူတွေ့လိုက်ရတယ်

သူမ ဘယ်လိုနေနေ သူလိုချင်တဲ့မိန်းကလေးပုံစံဖြစ်နေတုန်းပဲ

နုညံ့သိမ်မွေ့နေသည်ဖြစ်စေ

သွေးအလိမ်းလိမ်းနဲ့ရက်စက်နေသည်ဖြစ်စေ

လှပစွာငြိမ်သက်နေသည်ဖြစ်စေ

ဒေါသကြီးကာ သူမအလိုမကျဖြစ်နေသည်ဖြစ်စေ

သူမကိုသူလိုချင်နေတုန်းပဲ

စွဲလန်းနေတုန်းပဲ

သူရှိနေတာကိုအာရုံရလိုက်တြဲသူမက သူ့ဘက်တချက်ရောက်လာလျှက် ရူးသွားတာလားဆိုတဲ့အကြည့်ကတောင် သူ့ကိုရင်ခုန်စေတယ်

"မလာတော့ဘူးလား"

"အာ.......လာပြီ"

သူမ ခေါ်သံကြားမှ နှာခေါင်းတချက်ပွတ်ကာ အရှက်ပြေရယ်လိုက်တယ်

သူမက အရမး်လှတဲ့နတ်ဘုရားမဆိုတာ အားလုံးသိကြတယ်

ဒါပေမဲ့ ဘယ်သူမှမသိတာကတော့ သူမထက်ဘယ်သူကမှပိုလှနိုင်မှာမဟုတ်ဘူးဆိုတဲ့အချက်ပဲ

သူတို့ခရီးစထွက်‌လာတော့ ဖီးနစ်ကျောကုန်းမှာမတ်တပ်ရပ်ပြီးလိုရာကိုသွားကြတယ်

‌ပြင်းလွန်းလှတဲ့လေအရှိန်ကြောင့် သူမပါးလေးတွေနာမှာကိုသူကစိုးပေမဲ့ သူမရှိရာရပ်ဝန်းမှာလေကတစက်တောင်တိုက်မနေဘူး

(Complete)(Book2)lengends of spring goddness (oc.nl)uni&zgiWhere stories live. Discover now