စာစဉ်(၁၀)အပိုင်း(၁၀၈)

598 36 0
                                    

Lengends of spring goddness

အပိုင်း(၁၀၈)သတ်ပွဲ(၅)

"ဘယ်သူက ငါ့ရဲ့မီးပုရွက်ဆိတ်ဘုရင်နဲ့ဘုရင်မကိုသတ်ပစ်လိုက်တာလဲကွ"

အသက်ကြီးကြီးလူတယောက်ရဲ့ကြိမ်းဝါးသံက သူမနားထဲကန့်လန့်ဝင်လာခဲ့တယ်

ကျုးလစ်ရဲ့ဝတ်ရုံက ချွေးတွေနဲ့စိုရွဲနေပြီမို့ အစိမ်းရောင်ဝတ်ရုံကိုလဲဝတ်ထားပြီး ဒေါင်းပုံဆံထိုးလေးနဲ့ဆံပင်ကိုတဝက်ဖြန့်ချထားခဲ့တယ်

သူမပုံက အခုမှသေမျိုးလောကကိုရောက်လာတဲ့နတ်သားလေးလိုပဲ အရမ်းချောမောခန့်ညားလွန်းလှတယ်

ရောက်လာတဲ့အကြီးအကဲက သူမကိုလဲတွေ့သွားရော မျက်လုံးတွေက တလက်လက်ဖြစ်သွားတော့တာပဲ

သူ့နောက်က တပည့်တပန်းနှစ်ဆယ်လောက်ကလဲ သူတို့အကြီးအကဲရဲ့အလိုကိုသိတာမို့ အနဲငယ်သွက်တဲ့တစ်ယောက်ကရှေ့ထွက်လာပြီးကျုးလစ်နဲ့ဖုန့်ဟွမ်ကိုလက်ညိုးထိုးကာ

"မီးပုရွက်ဆိတ်ဘုရင်နဲဘုရင်မစုံတွဲက ဆေးဂိုဏ်းရဲ့ရတနာပဲ ဒါကြောင့် မင်းနဲ့မင်း ဆေးဂိုဏ်းကိုလိုက်ပြီး အစေခံအဖြစ်နဲ့ငါ့တို့အကြီးအကဲကိုခစားကြ ကျန်တဲ့သူတွေကတော့ မင်းတို့ကတော့ ငါတို့အကြီးအကဲရဲ့ဆေးကျွန်တွေဖြစ်လာရမယ်"

ရှောင်စစ်ရဲ့မျက်နှာမှာ လှောင်ပြုံးတခုကပေါ်ပေါက်လာခဲ့တယ်

ကျုးလစ်ရော ဖုန့်ဟွမ်ကပါ သူတို့ရဲ့အရှိန်အဝါကိုဖုံးထားလို့ ဘယ်သူကမှ မသိခဲ့ကြတာ

အခုလဲ ကျူးလစ်ရော ဖုန့်ဟွမ်ကပါ အေးအေးဆေးဆေးနဲ့တည်ငြိမ်စွာရပ်နေတယ်

ဘာတခွန်းမှပြောမလာဘူး

အဲ့ဆေးဂိုဏ်းကမလောက်လေးမလောက်စားလေးက လက်ညိုးတထိုးထိုးနဲ့ ခွေး‌ပြောဝက်ပြောပြောနေတာ 

မကြာခင်မှာပဲ အရိုးအသားရှာမရအောင်သေရတော့မယ်ဆိုတာမသိလေရော့သလားပဲ

လျိုကျားရန်ကတော့ သူမရဲ့မူပိုင်ရှက်ပြုံးလေးကိုဆင်မြန်းထားဆဲပဲ

ကျူးလစ်ရဲ့အစွမ်းကိုရော ဖုန့်ဟွမ်ရဲ့အစွမ်းကိုကော အကုန်လုံးကသိပြီးသားမို့ မလှုပ်မယှက်နဲ့ပဲ မှင်သေသေကြည့်နေကြတယ်

(Complete)(Book2)lengends of spring goddness (oc.nl)uni&zgiTempat cerita menjadi hidup. Temukan sekarang