စာစဉ်(12)အပိုင်း(121)

601 39 2
                                    

Lengends of spring goddness

အပိုင်း(121) ကပ်ဘေးအစပြုခြင်း

ကျေးဇူးပြုပြီး မေ့မေ့ကို မဆန့်ကျင်ပါနဲ့

အဲ့ဒါမှပဲ အားလုံးဘေးကင်းလိမ့်မယ်

ကောင်းကင်ဘုံအရှင်က ကောပဲဖြစ်သင့်တယ်

ကောသာမရှိတော့ရင် ဒီဗရမ်းဗတာဖြစ်နေတဲ့လောကကြီးကိုဘယ်သူထိန်းချုပ်မှာလဲ

မေ့မေ့အတွက် သုံးလောကအတွက်

ကျေးဇူးပြုပြီး အသက်ရှင်ပါ

‌အဲ့ဒါမှ အားလုံးဘေးကင်းလိမ့်မယ်

ပိုင်ချင်း

ဖုန့်ဟွမ်

ပြီးတော့ သူမရဲ့လူတွေအားလုံးရောပေါ့

ကျူးလစ်လှည့်ထွက်သွားခဲ့တယ်

အခု အထက်ဘုံကိုသူမထိန်းချုပ်လိုက်ပြီ

ဘယ်နေရာမဆို ဝင်လို့ရပြီ

သူမရဲ့ဖူးစာကျောက်တုံးကြီးဆီကိုသွားခဲ့တယ်

နွေဉီးနတ်သမီး ရှန့်ကွမ်းချိုးယွဲ့ ရေနတ်ဘုရား စစ်ထူပိုင်ချင်း

ရွှေရောင် တဖိတ်ဖိတ်လက်နေတဲ့ ဖူးစာကျောက်တုံးကိုသူမအတန်ကြာစိုက်ကြည့်နေခဲ့တယ်

အဟွန်း ဒီစာတွေက အလိမ်အညာတွေချည်းပဲမဟုတ်ဘူးလား

သူမနဲ့ စစ်ထူပိုင်ချင်း ရမယ်ဆိုပြီး ရွှေရောင်တောက်တောက်လေးနဲ့ပါလင်းလက်နေလိုက်သေး

"အလိမ်အညာတွေ "

"အရှင်မ ကြယ်နတ်ဘုရားရောက်လာပါပြီ "

"ကောင်းပြီ"

သူမ ဖျတ်ခနဲပျောက်ကွယ်သွားခဲ့တယ်

နောက်တော့ သူမရဲ့အဆောင်ရှေ့မှာပြန်ပေါ်လာခဲ့တယ်

ဒီအဆောင်ကို ပထမစတွေ့ရတုန်းက ရင်းနှီးသလိုရှိခဲ့တာ မဆန်းဘူးပဲ

သူမကိုယ်သူမ နွေဦးနတ်ဘုရားမဆိုတာကို လက်ခံကျင့်သားရဖို့ ကြာမယ်ထင်ခဲ့ပေမဲ့ တကယ်တမ်းကျ သူမကျင့်သားရစရာတောင်မလိုဘူး

ဒီအတိုင်း ငါပါလားဆိုပြီးပဲတွေးမိသွားတာ

"ကြယ်နတ်ဘုရားဂျူခုန်းရောက်လာပါပြီ "

(Complete)(Book2)lengends of spring goddness (oc.nl)uni&zgiWhere stories live. Discover now