စာစဉ်(13)အပိုင်း(135)

1.3K 56 12
                                    

Lengends of spring goddness

အပိုင်း(13) အပိုင်း( 135)  final chapter

ဖုန့်ဟွမ် သူမရယ်မောနေတာကို အဝေးကလှမ်းကြည့်နေမိတယ်

သူမက အမြဲတမ်း သူမဆွတ်ခူးနိုင်တဲ့ပန်းကလေး

လက်လှမ်းမမှီတဲ့ နတ်ဘုရားမလေးပဲ

သူမကိုအရမ်းချစ်ရတယ်

သူမကိုပိုင်ဆိုင်ချင်တယ်

သူမနဲ့အမြဲရှိချင်တယ်

သူမပြုံးတာသူ့ကြောင့်ဖြစ်စေချင်တယ်

ဒါပေမဲ့ သူမလေးရဲ့နှလုံးသားလေးထဲမှာကော စိတ်ထဲမှာရော ပိုင်ချင်းကိုပဲချစ်တာ

သူ့အတွက်နေရာမရှိဘူး

သူ့ကိုသူငယ်ချင်းတစ်ယောက်ထက်မပိုဘူး

အမြဲတမ်း သူ့ကိုပြုံးပြတတ်တယ်

ရိုးသားစွာ ဖြူစင်စွာနဲ့ပေါ့

ဘယ်လိုပဲဖြစ်ဖြစ် သူဆိုတဲ့ကောင်ကလဲ သူမကိုစချစ်မိထဲက အခုထိ သူမစိတ်ချမ်းသာရင်ပြီးရောဆိုတဲ့စိတ်တခုထဲနဲ့ သူမနားနေခဲ့တာ

အခု သူမကို သွားမနှောင့်ယှက်သင့်တော့ဘူး

သူသိတယ် သူထွက်သွားရင် သူမဝမ်းနည်းသွားဦးမှာ

သူကတော့ သူမအပြုံးတွေကိုမြင်ရတော့ပိုကြိုက်တာပေါ့

ဒါပေမဲ့ အခုအချိန်ဟာ သူမအတွက်သူ့ရဲ့ခံစားချက်တွေကိုသတ်ပစ်ရမဲ့အချိန်ပဲ

သူသာဒီမှာဆက်နေဖို့ရွေးချယ်ခဲ့ရင် သူမရဲ့အပြုံးတွေမြင်နေရတိုင်း သူမကိုပိုလိုချင်လာလိမ့်မယ် ပိုလောဘကြီးလာမယ် သူမဘေးကသူကိုမနာလိုဖြစ်လာလိမ့်မယ် နောက်ဆုံးယှဉ်ပြိုင်ချင်လာတာ လုယူချင်လာတာတွေဖြစ်လာလိမ့်မယ်

ဒီလိုဆိုရင် သူမလေးပျော်နိုင်ပါတော့မလား

သူမလေးငိုနေမှာ သူမလေးနာကျင်နေမှာထက် သူသေပေးရတာကိုပဲပိုအလိုရှိတယ်

"နှုတ်ဆက်ပါတယ် ကျုးကျုး "

ရယ်ရွင်မြူးရိပ်အမြဲထင်နေတဲ့ ဖုန့်ဟွမ် ဒီတခါတော့ သူ မရယ်နိုင်တော့ပါဘူး

(Complete)(Book2)lengends of spring goddness (oc.nl)uni&zgiDonde viven las historias. Descúbrelo ahora