Lengends of spring goddness
အပိုင်း(131) တရားဝင်အဆင့်အတန်းများပေးအပ်ခြင်း
"အာ ချစ်သူပဲရှိတာကို ယောကျာ်းနှစ်ယောက်တောင်ကောက်ရသွားတာဆိုတော့ နဲနဲတော့ ထူးဆန်းသားပဲ နော့ ချင်းချင်းရော ဘယ်လိုထင်လဲ "
"ကိုယ်ကတော့ ......."
သူမစကားကိုပြန်မလို့
ဒါပမေဲ့
ချစ်သူပဲရှိတယ် ?
ချင်းချင်း ?
ဒါ...ဒါက......
"အာ ဟွားဟွား ကိုယ့်ကိုသိတယ်လား "
"မသိပါဘူး ရှင်ကကျွန်မချစ်သူ သူတို့ကကျွန်မသူငယ်ချင်းတွေဆိုတာကိုလဲမသိဘူး ဘာဆိုဘာမှမသိဘူး တကယ် မသိဘူး "
သူမရဲ့အတည်ပေါက်ပြောနေတဲ့စကားကြောင့် အားလုံးကကြောင်အနေကြတယ်
အရင်ဆုံးသတိဝင်လာသူကရှောင်ရှောင်
"အားးး ကျုးကျူးးးး မနောက်နဲ့လေ လန့်လို့သေတော့မယ် သိရဲ့လား"
ပြောပြီးတာနဲ့ ကျုးလစ်ဆီပြေးကာ ခုန်ဝင်လာလေတယ်
ကျူးလစ်ကလဲသူမကိုအလိုက်သင့်ပြန်ဖက်လိုက်တယ်
"ကောင်မလေး ကောင်းကောင်းရောနေရဲ့လား "
ရှောင်ရှောင်ကတော့ သူမရင်ခွင်ထဲမှာအော်ငိုနေပြီ
သူမအရမ်းထိတ်လန့်ခဲ့ရတယ်
သူ့သခင်မပျောက်သွားရင် သူဘယ်လိုနေရမလဲလို့ရှောင်ရှောင် ရုတ်တရက်အငိုတိတ်သွားပြီး သူမရင်ဘတ်ကိုတချက်ရိုက်လိုက်ကာနှလုံးသွေးတစက်ကို ထုတ်လိုက်တယ်
"ဒါကိုလက်ခံပေးပါ "
"ဒါက ?"
"ရှောင်ရှောင်ရဲ့သခင်ဖြစ်လာဖို့တောင်းဆိုပါတယ် "
"........"
ကျုးလစ် ရှောင်ရှောင်ကိုကြည့်လိုက်တယ်
သူမနဲ့အနီးကပ်ဆုံးသူ အမြဲရှိနေတဲ့သူ
ဘယ်သောအခါမှ သူမကိုမခွဲခဲ့တဲ့သူ
အခုလဲ လိုလိုလားလားနဲ့ အသက်ကိုအပ်နှင်းလာပြန်ပြီ
သူမဖြတ်သန်းခဲ့သမျှထဲမှာ အကောင်းဆုံးမိတ်ဆွေတွေက ရန်ကျင်းနဲ့ရှောင်ရှောင်ပဲ
YOU ARE READING
(Complete)(Book2)lengends of spring goddness (oc.nl)uni&zgi
Historical Fiction100 နောက်ပိုင်းအဆက်ပါ