စာစဉ်(၁၁) အပိုင်း(၁၁၁)

606 47 6
                                    

Lengends of spring goddness

အပိုင်း(၁၁၁) ပေါက်မလာသေးတဲ့စိတ်ဝိဉာဉ်သားရဲဥလေးများ

ကျူးလစ်က မှောင်မဲစိုစွတ်နေတဲ့‌ဂူအတွင်းထဲကိုလှမ်းကြည့်လိုက်တယ်

မှောင်မဲနေပြီး ဘာမှမမြင်နိုင်လောက်အောင်အမဲရောင်မြူထုက လွှမ်းမိုးထားလေတယ်

ဒီနေရာမှာလူတွေဘယ်လောက်များများသေခဲ့လဲ ဘုရားပဲသိလိမ့်မယ်

သူမစဝင်လိုက်ထဲက အောက်သိုးသိုးအနံ့ရ‌တယ်

ဒါက မသိရင် သုသာန်လိုပဲ

ဂူထဲကိုဝင်ဖို့ကြိုးစားကြတဲ့လူတွေက အမဲရောင်မြူထုကိုမလွန်ဆန်နိုင်လို့ အပေါက်ဝမှာတင်ပုံခံနေအောင်သေထားကြလေတယ်

ဒါက သွေးပျက်သွားစေလောက်‌တဲ့မြင်ကွင်းမျိုးပဲ

ကျူးလစ် သူမသိုလှောင်လက်ကောက်ထဲက ဆေးပုလင်းကိုထုတ်လိုက်ပြီး ပါးစပ်ထဲမြိုချလိုက်တယ်

"အဲ့ဒါဘာလဲ"

"ပန်းပေါင်းစုံအဆိပ်ဖြေဆေး"

သူမကိုစောင့်ကြည့်နေတဲ့သားရဲက အသိအမှတ်ပြုခေါင်းညိတ်ပြတယ်

လူနုံလူအတွေပဲ ဒီမြူတွေမှာအဆိပ်မရှိဘူးဆိုတာကိုယုံလိမ့်မယ်

ဘယ်မြူကပင်ကိုယ်အနက်ရောင်ဖြစ်နေတာရှိလို့လဲ

အဆိပ်‌ေတွရောနှောနေလို့အမဲရောင်ဖြစ်နေတာပေါ့

အမဲရောင်ဖြစ်လောက်တဲ့အထိဆိုရင် အဆိပ်က ဆယ်မျိုးမကပါဝင်နေမှာပဲ

အပေါက်ဝမှာပုံခံနေတဲ့အလောင်းတွေကသက်သေပဲ

ကျူးလစ်နှာခေါင်းပိတ်လိုက်ပြီး အဲ့အလောင်းတွေကိုကျော်ခွကာ အထဲဝင်လာခဲ့တယ်

ဂူအဝက ကျယ်ပေမဲ့ အထဲမှာတော့ လမ်းခွဲတွေအများကြီးပဲ

မှန်ကန်တဲ့လမ်းကိုမရွေးနိုင်ရင် သေရမှာကလဲ သေချာပေါက်ပဲ ချွင်းချက်မရှိဘူး

ထိုသားရဲကတော့ တည်တည်ငြိမ်ငြိမ်နဲ့ပဲ အထဲကိုခေါ်ဆောင်သွားခဲ့တယ်

အထဲရောက်လာလေ ပိုမှောင်လာလေ ပိုပြီးမွန်းကျပ်လာလေပဲ

ကျူးလစ် ညပုလဲကိုထုတ်ကာ အလင်းပျံ့နှံ့သွားစေတယ်

(Complete)(Book2)lengends of spring goddness (oc.nl)uni&zgiDonde viven las historias. Descúbrelo ahora