စာစဉ်(10)အပိုင်း(102)

806 48 0
                                    

Lengends of spring goddness

အပိုင်း(102) လှဲလှယ်စရာ လဆန်းပန်းတရာ

ဖုန့်ဟွမ်ရဲ့ တွန့်လိမ်နေတဲ့မျက်နှာကိုကြည့်ကာ ကျုးလစ်ပြုံးမိသွားတယ်

လက်ထဲကမီးကိုတောင်ထုတ်လာပြီဖြစ်တဲ့ဖုန့်ဟွမ်ကိုဆွဲကာ
တလှမ်းလောက်ဆုတ်လိုက်ကာ

"ဆိုင်ရှင် ဘာပစ္စည်းအလိုရှိနေတာလဲ ဆိုင်တဆိုင်လုံးဖွင့်ထားပြီးမှတော့ တခုမှမရောင်းဘူးဆိုတာက လိုချင်တဲ့ပစ္စည်းကိုမတွေ့သေးလို့ပေါ့ ဒါဆို ဆိုင်ရှင်ပြောပါ ဆိုင်ရှင်ပြောတဲ့ပစ္စည်းမရှိရင်ဒီဆိုင်ထဲက ချက်ချင်းထွက်သွားပေးပါမယ်"

သူမ ပြောပြီး ဆိုင်ရှင်မျက်နှာကို တချက်ကြည့်ကာ စောင့်နေလိုက်တယ်

လူ့ဂွစာတွေကို သူကြမ်းကိုယ်ကြမ်းသွားလုပ်လို့မရဘူး သူတို့ကအချော့ကြိုက်သမားတွေ

သူမရဲ့လိုတာထက်ပိုအလျှော့ပေးနေတဲ့အသံက ချိုသာပြီး
ငြိမ်းချမ်းနေတယ်

ဆိုင်ရှင်က မျက်လုံးပင့်လိုက်ကာ သူမကိုအကဲခတ်နေပြီးမှ

"ဒီသခင်လေးက အမြင်တကယ်စူးရှတာပဲ သဘောလဲကောင်းတော့ မနောလဲကောင်းမှာပဲ လဆန်းပန်းတရာလိုချင်တယ်ရှိလား"

ကျူးလစ် သူမရဲ့မျက်တောင်တွေကို အောက်စိုက်ချလိုက်တယ်

ဖုန့်ဟွမ်ကတော့ ဒေါသတကြီးနဲ့ထအော်တော့တာပဲ

"ဆိုင်ရှင်က ဘယ်သူ့ကိုအရူးလာလုပ်နေတာလဲ လဆန်းပန်းတပွင့်တောင် အရမး်ရှာရခက်ပြီးအဖိုးတန်တာ တရာတောင်တောင်းတယ် လူ့လောကမှာနေရတာအရမ်းပျင်းနေရင်လဲ အထက်ဘုံကိုတိုက်ရိုက်ပို့ပေးလိုက်ရမလားဟမ်"

သူမကိုကြည့်နေတဲ့ဆိုင်ရှင်က ဖုန့်ဟွမ်စကားတွေကိုကြားတော့ နားထဲလက်ထည့်‌ကလော်ပြီး ဖုန့်ဟွမ်ဘက်တမင်မှုတ်ထုတ်လိုက်တယ်

ဖုန့်ဟွမ်ကတော့ ဒေါသမီးတဟုန်းဟုန်းတောက်သွားတာပေါ့

သူတို့နှစ်ယောက် တစ်ယောက်နဲ့တစ်ယောက်အကြည့်နဲ့ သတ်ဖြတ်နေကြတဲ့အချိန်မှာပဲ သူတို့ကြားထဲအာရုံလွင့်စေတဲ့အသံချိုချိုလေးကကြားဖြတ်ဝင်လာခဲ့တယ်

(Complete)(Book2)lengends of spring goddness (oc.nl)uni&zgiDonde viven las historias. Descúbrelo ahora