Lengends of spring goddness
အပိုင်း(118) သူမရဲ့အကြောက်တရားက
"အရိုးစိတ်ဝိဉာဉ်ကွဲကြေရှင်သန်ဆေး "
ကျူးလစ် သူမရဲ့လက်ထဲက ငွေရောင်တောက်နေတဲ့ ဆေးလုံးသေးသေးလေးကိုကြည့်လိုက်တယ်
အရိုးစိတ်ဝိဉာဉ်ကွဲကြေရှင်သန်ဆေး
ဆေးနာမည်အတိုင်းပဲ
သောက်တဲ့သူက အရိုးတွေကွဲကြေသလိုခံစားရမယ်
စိတ်ဝိဉာဉ်တခုလုံးဆွဲဆုတ်ခံရသလိုခံစားရမယ်
ပြီးရင်သေသွားမှာ
နှစ်ရက်
နှစ်ရက်တိတိသေဆုံးသွားမှာ
အဲ့နောက်တော့ ဖီးနစ်ဌက်လိုမျိုး ပြန်လည်ရှင်သန်လာလိမ့်မယ်
ဆေးတွေအားလုံး ငါးလုံးရတယ်
သူမဆေးပုလင်းလေးနဲ့အသာထုတ်သိမ်းလိုက်ပြီး သူမနယ်မြေထဲမှာ သေချာသိမ်းဖွက်ထားလိုက်တယ်
"ဝုန်းးးး "
သူမ ထမလို့ပဲရှိသေးတယ်
ဖုန့်ဟွမ်ရဲ့ကိုယ်ကြီးက ပြတင်းပေါက်ကိုခွဲထွက်ပြီးသူမဆီပျံသန်းလာလေတယ်
သူမ ထိတ်လန့်သွားပြီးမှ ကမန်းကတန်း နွယ်ကြိုးကိုဖန်ဆင်းလိုက်ကာ ဖုန့်ဟွမ်ကိုဆွဲယူလိုက်တယ်
"ကျူးး ကျုးးး ပြေးးးး "
တခွန်းနှစ်ခွန်းသာပြောနိုင်ပြီး သတိလစ်သွားတဲ့ဖုန့်ဟွမ်ကို သူမနယ်မြေထဲပစ်ထည့်ထားလိုက်တယ်
နောက်တော့အပြင်ဘက်ကိုပြေးထွက်သွားမိတော့တာပဲ
"နတ်ဘုရားအဆင့်တဲ့လား ကော ! နောက်ဆုံးတော့ မေ့မေ့ကိုသတ်ပစ်ဖို့တကယ်ဆုံးဖြတ်လိုက်တာပဲ "
သူမအကိုအတွက် သူမနေထိုင်နေတဲ့နေရာမှာ သူမသေသွားလဲ သိပ်ပြီးအရေးမလုပ်တဲ့ပုံပဲ
ဘာလို့လဲဆိုတော့ ဒီမှာသေသွားမှ အထက်ဘုံကိုပြန်ခေါ်သွားလို့ရမှာကိုး
အစတုန်းကတော့ ကျူးလစ်ကိုသတ်ပြီး ကွဲကွာနေတဲ့ဝိဉာဉ်သုံးခုကိုသာ ယူဆောင်သွားချင်တာ
YOU ARE READING
(Complete)(Book2)lengends of spring goddness (oc.nl)uni&zgi
Historical Fiction100 နောက်ပိုင်းအဆက်ပါ