Lengends of spring goddness
အပိုင်း(132) ဤကဲ့သို့ပြည့်စုံသောချစ်ခြင်းတရား
ကျုးလစ်သက်ပြင်းချလိုက်တယ်
ပြီးတော့ သူ့ကိုမှီရက်ပဲ ပျော့ခွေသွားခဲ့လေရဲ့
"ဟွားဟွား ! ! "
ပိုင်ချင်းတစ်ယောက် လန့်ဖြန့်သွားခဲ့တာမို့ သူမကိုပွေ့ပြီး နွေဦးနတ်ဘုရားအဆောင်ဆီကိုပျံသန်းသွားတယ်
အဲ့နောက် ရှန့်ကွမ်းချိုးယွဲ့ကိုနတ်သူငယ်တစ်ယောက်ကိုအခေါ်လွတ်စေတယ်
"ဘာမှမဖြစ်ဘူး အခုမှနိုးထလာစကို နှလံုးသွေးအများကြီး
ဆုံးရှုံးလိုက်ရလို့ပင်ပန်းသွားတာ ရက်အနဲငယ်လောက်အနားယူခိုင်းလိုက် "ရှန့်ကွမ်းချိုးယွဲ့က ပိုင်ချင်းကိုပြောပြီး အဆောင်ကနေပြန်ထွက်သွားတယ်
ဒါပေမဲ့ အပြင်ရောက်ခါနီးမှာ ပြန်လှည့်ကြည့်လာပြီး
"ဟွားဟွားကနားရမှာနော် သူမကပင်ပန်းလို့မရဘူး မင်းသိတယ်မလား"
".........."
ပိုင်ချင်းဆွံ့အသွားတယ်
သူ့ပုံစံက တကယ်ကြီး နှာဘူးရုပ်ပေါက်နေလို့လား
သူညင်သာစွာတချက်ရယ်လိုက်ပြီး ခေါင်းခါလိုက်တယ်
သူ့ယောက်ဖက သူ့ကိုမငြင်းဆန်တော့ဘူး
ပြီးတော့ သတိပါပေးလိုက်သေး
သူမက ငြိမ်းချမ်းစွာအိပ်မောကျနေလေတယ်
နတ်ဘုရားတွေက အိပ်ဖို့မလိုတော့ဘူးဆိုတာသိတာတောင်မှ ဒီအအိပ်မက်တဲ့မိန်းကလေးကဆက်အိပ်နေဦးမယ်ဆိုတာသေချာတယ်
သူလဲ သူမဘေးနားဝင်လှဲလိုက်တယ်
သူမခေါင်းကိုသူ့လက်ပေါ်ပြောင်းတင်လိုက်ကာ သူမဦးနေတဲ့ခေါင်းဦးကိုတော့ကြမ်းပြင်ပေါ်ပစ်ချလိုက်တယ်
သူမကိုရင်ခွင်ထဲဆွဲသွင်းလိုက်ကာ သူမခါးပေါ်သူ့လက်
တဖက်တင်လိုက်ပြီးနောက် ညင်သာစွာပွေ့ဖက်လိုက်တယ်သူမရဲ့နဖူးနဲ့သူ့နဖူးကိုထိပြီး သူလဲအိပ်မယ်လုပ်လိုက်ပေမဲ့ မနေနိုင်စွာ သူမနဖူးကို အခါခါနမ်းမိသေးတယ်
CZYTASZ
(Complete)(Book2)lengends of spring goddness (oc.nl)uni&zgi
Historyczne100 နောက်ပိုင်းအဆက်ပါ