Lengends of spring goddness
အပိုင်း(127) လီရွှန်းဆိုသည်မှာ (2)
ရှန့်ကွမ်းချိုးယွဲ့ သူ့ဆီကိုပစ်ဝင်လာတဲ့မြားကိုရှောင်ရင်း သူမနဲ့တိုက်ခိုက်ဖို့ အနီးကပ်တိုးကပ်သွားခဲ့တယ်
သူမကတော့ သူ့ကိုကြည့်ပြီး နောက်ထပ်လေးတင်နေလေပြီ
တကယ်ကိုပဲ
အခုတော့ သူမပြောခဲ့တာတွေအားလုံးက တကယ်ဆိုတာကို ယုံပေးရတော့မှာပဲ
ဘယ်လောက်ဝမ်းနည်းဖို့ကောင်းလဲ
သူမ သူနဲ့နီးကပ်လာတယ်
သူ့ဓားကိုမြောက်လိုက်တယ်
ပြီးတော့ နာကျင်နေတဲ့မျက်ဝန်းများနဲ့ သူမကိုဆီကိုဓားလွဲချလိုက်တယ်
ဒါပေမဲ့လဲ အဲ့အချိန်မှာပဲ မထင်မှတ်ထားတာတခုဖြစ်လာခဲ့တယ်
လေးကိုင်ထားတဲ့သူမက သူ့ကိုရုတ်တရက်ကျောခိုင်းသွားတယ်
ပြီးတော့ သူမလက်ထဲကမြားက မိစ္ဆာအရှင်ဆီပြေးဝင်သွားခဲ့လေရဲ့
"ရွှတ် "
"အ "
သူ့မျက်ဝန်းတို့မှေးကျဉ်းသွားပြီး ရင်တခုလုံးလဲဗြောင်းဆန်သွားခဲ့တာပဲ
သူ့လက်ကိုအချိန်မှီတားလိုက်ပေမဲ့ လက်လွန်သွားခဲ့လို့ ကျောပေးထားတဲ့သူမကျောပြင်ကိုခုတ်မိသွားလေပြီ
တချိန်ထဲမှာပဲ မင်းသမီးယင်းကျဲရဲ့ရှန့်ကွမ်းချိုးယွဲ့ဆီပစ်လွှတ်လိုက်တဲ့မြားတံကိုလဲ လီရွှန်းကကာကွယ်ပေးခဲ့တယ်
"........."
"ရွှန်းအာ...... ! ! ! ."
ရှန့်ကွမ်းချိုးယွဲ့ရဲ့ ဦးရေပြားတခုလုံးထုံကျဉ်သွားခဲ့တယ်
ဘာဖြစ်လို့များ သူမကို သူ မယုံကြည်ခဲ့မိတာလဲ
အစထဲက သူသိရမှာကို
သူ့ရှေ့ကမျက်ဝန်းများထဲက အဆုံးမရှိတဲ့ချစ်ခြင်းတွေအတွက် သူဘယ်လိုတောင်တွေးမိလိုက်တာလဲ
သူ့ရှေ့တအိအိပြိုလဲလာတဲ့ သူမကိုယ်လေးကို တုန်ရီစွာပွေ့လိုက်တယ်
YOU ARE READING
(Complete)(Book2)lengends of spring goddness (oc.nl)uni&zgi
Historical Fiction100 နောက်ပိုင်းအဆက်ပါ