107.zgi

313 11 0
                                    

Lengends of spring goddness

အပိုင်း(107) သတ်ပွဲ(4)

မီးပုရွက်ဆိတ်ဘုရင်က ကျော့ကွင်းထဲမှာမိသွားတဲ့သမင်ငယ်လေးလိုရုန်းကန်လိုက်တယ်

သန်မာတဲ့ယောကျာ်းတယောက်ရဲ့လက်မောင်းရင်းလောက်
ထူတဲ့နွယ်ပင်ပိုက်ကွန်ဟာသူ့ကိုယ်ကိုတင်းကျပ်စွာရစ်ပတ်နေပြီးလှုပ်လို့မရအောင်လုပ်နေတယ်

ရုန်းကန်ရင်း အော်ဟစ်ရင်း တဖြေးဖြေးခြေကုန်လက်ပန်းကျလို့ငြိမ်သက်လာတဲ့အချိန် ကောင်းကင်မှာငြိမ်သက်နေတဲ့ကျူးလစ်က သူမကိုယ်ကိုဇောက်ထိုးလုပ်လိုက်ကာ လက်တဖက်ကိုတော့ စွန်လက်သည်းသဏ္ဍန်လုပ်လိုက်ပြီး ‌အရှိန်နဲ့ပြေးဆင်းလာခဲ့တယ်

သူမရဲ့ဇောက်ထိုးဆင်းလာတဲ့အရှိန်ဟာမြန်ဆန်ပြီးသွက်လက်ပေါ့ပါးတယ်

မကြာခင်မှာပဲ မီးပုရွက်ဆိတ်ရဲ့မာကျောတဲ့ဦးခေါင်းထဲကို သူမရဲ့နုနယ်သွယ်လျတဲ့စွန်လက်သည်းသဏ္ဍန်လက်လှလှပပလေးက ဖောက်ဝင်သွားခဲ့တယ်

"ဇွပ် "

ဘယ်လောက်တောင် နုနယ်လိုက်တဲ့လက်လှလှလေးတွေလဲ

လူတွေကအဲ့လိုတွေးလိုက်ချိန်မှာ သူမက မီးပုရွက်ဆိတ်ဘုရင်ရဲ့ဦးနှောက်ကိုလက်‌လှလှ‌လေးနဲ့ဖျက်ဆီးပစ်လိုက်တာက နူးညံ့လွန်းလှတဲ့ပန်းလေးတပွင့်ကိုအသာအယာခြေမွလိုက်သလိုပဲ

လွယ်ကူလွန်းခဲ့တယ်

အောက်ကလူတွေအားလုံးဟာ ပင့်သက်ရှိုက်မိသွားလေရဲ့

တစစငြိမ်သက်သွားတဲ့မီးပုရွက်ဆိတ်ဘုရင်ရဲ့အလောင်းပေါ်ထိုင်ရင်း ကျူးလစ်က စုပ်ယူခြင်းလုပ်ငန်းစဉ်ကိုစတင်လိုက်တယ်

သူမက မီးပုရွက်ဆိတ်ဘုရင်ရဲ့လတ်လတ်ဆတ်ဆတ်အသွေးအသားများခြောက်ကပ်ကြွေမွသွားသည်အထိစုပ်ယူပစ်လိုက်တယ်

ခုလောလောဆယ် သူမ အစာမခြေနိုင်တဲ့‌မြွေကြီးလို အစာနင်နေတဲ့သဘောမျိုးဖြစ်နေတယ်

ချက်ချင်းအနားယူပြီး စုပ်ယူထားတြဲအင်အားတွေကိုခြေဖျက်ပစ်ရမှာဖြစ်ပေမဲ့ နေလပန်းကြောင့်သူမလုပ်လို့မရသေးဘူး

(Complete)(Book2)lengends of spring goddness (oc.nl)uni&zgiWhere stories live. Discover now