Lengends of spring goddness
အပိုင်း(129) ပြန်လည်ဆုံတွေ့ကြတဲ့အခိုက်အတန့်(2,)
ရှန့်ကွမ်းချိုးယွဲ့သွေးအန်ရပါပြီ
ဒါပေမဲ့လဲ သူတို့အလျှော့မပေးခဲ့ကြဘူး
နောက်တော့ ရှန့်ကွမ်းချိုးယွဲ့နဲ့အတူပြန်ပါလာကြတဲ့ သုံးယောက်သားရော ကျန်နေခဲ့ကြတဲ့တစ်ယောက်ပါပေါင်းလာပြီး အားလုံးဟာမာန်သွင်းလိုက်ကြပြီးသူမရဲ့ဆွဲယူမူ့ကိုအဆင်ပြေစေခဲ့ကြပါတယ်
သလင်းကြေးမုံက ပိုလို့ရှုပ်ထွေးလာတဲ့ပုံပါပဲ
သူတို့သေတော့မယ်လို့ခံစားလိုက်ရတဲ့အချိန်မှာပဲ သလင်းကြေးမုံဆ်ီက တွန်းကန်အားတခုထွက်လာပြီး သူတို့အားလုံးကိုအဝေးရောက်သွားစေခဲ့ပါတယ်
နောက်တော့ အဲ့သလင်းကြေးမုံက ခွပ်ခနဲကွဲအက်သွားခဲ့ပါတော့တယ်
"မဟုတ်ဘူးးးးး"
အားလုံးပြိုင်တူအော်မိကြတာပါပဲ
ဟွားဟွားကအထဲမှာရှိတာမို့အဲ့သလင်းကြေးမုံသာပျက်စီးသွားရင် သူမပြန်ထွက်လာလို့ရပါ့မလား
အားလုံး စိတ်ပူသွားကြပြီး အဲ့သလင်းကြေးမုံနားကိုအရောက်ပြေးသွားကြတယ်
"အာ "
"အဲ့ဒါကပျက်စီးသွားပြီ"
"သူမဘာဖြစ်သွားမှာလဲ "
"ကျူးကျူး?"
"ဟမ်"
"အယ် "
တစ်ယောက်တစ်မျိုး စိတ်ပူပန်နေကြတာပါပဲ
ရှန့်ကွမ်းချိုးယွဲ့ဆိုရင် မျက်နှာဖြူဖျော့လို့
ရေနတ်ဘုရားကလဲသိပ်အခြေအနေမကောင်း မျက်နှာကြီးကမဲပုတ်လို့နေတယ်
ဖုန့်ဟွမ်ကတော့ မျက်မှောင်ကြီးကြုတ်ပြီး ဒီအခြေအနေကို ဘယ်လိုလုပ်ရမလဲမသိတော့တဲ့ပုံဖြစ်နေပါတယ်
"မယုံဘူး ဒီအတိုင်းကျဆုံးသွားမယ်ဆိုတာ သူမကိုလက်လွတ်လိုက်ရလိမ့်မယ်လို့လုံးဝမယုံဘူး "
မျက်နှာကိုလက်နဲ့ပွတ်သပ်ရင်း ရှန့်ကွမ်းချိုးယွဲ့အော်လိုက်ပါတယ်
YOU ARE READING
(Complete)(Book2)lengends of spring goddness (oc.nl)uni&zgi
Historical Fiction100 နောက်ပိုင်းအဆက်ပါ