Lengends of spring goddness
အပိုင်း(117) ချစ်ရတဲ့ရွှန်းအာ
သူမ ဒေါသထွက်စွာရယ်လိုက်တယ်
"ကောက ကိုယ့်ဘာသာကိုယ်အတင်းလုပ်ယူနေတာပဲဘာလို့စိတ်မလျှော့လိုက်တာလဲ တခြားနည်းလမ်းလေးဘာလေးရှာကြည့်ပါလား ရွှန်းအာကိုတောင် စွန့်လွှတ်နိုင်တဲ့ကောရဲ့အတ္တကို မေ့မေ့ အရမ်းကြောက်တယ် ဘယ်သူသိမလဲ တချိန်မှာလဲ ရွှန်းအာလိုမျိုး မေ့မေ့ကိုလဲလုပ်လာနိုင်တာပဲလေ ဒီကိစ္စသာ ရွှန်းအာသိသွားကြည့်ပါလား ကောဒီမှာအကောင်လိုက်ကြီးရှိနေနိုင်မယ်တဲ့လား "
"ရွှန်းအာသိတယ် "
".............."
"သူလက်ခံတယ် မေ့မေ့အတွက် သူ့အသက်ကိုလိုလိုလားလားနဲ့ပေးအပ်ပါမယ်တဲ့ "
"............."
"ပြီးတော့.........."
"တော်တော့ ! ! ကော ! ထွက်သွားလိုက်တော့ ! ! "
"မေ့မေ့ ! "
"သှားးးးးး ! ! ! "
"ဟူးးး ကောင်းပြီ ကောသွားပါမယ် မေ့မေ့ တခုတော့မှတ်ထားပါ ကောလုပ်သမျှက မေ့မေ့ကောင်းဖို့ချည်းပဲ မမေ့ပါနဲ့ "
ပြောပြီးတာနဲ့ ရှန့်ကွမ်းချိုးယွဲ့ဟာ ဟွာကျန်းရှဲ့နဲ့အတူပျောက်ကွယ်သွားခဲ့တယ်
ကျူးလစ် တော်တော်စိတ်ဆိုးနေမိတယ်
ဒီလိုဘဝထက်
သူများလက်အောက်မှာနေရပြီး သူများခိုင်းတာလုပ်ရတဲ့ဘဝမှာပဲပြန်လည်နေချင်မိတော့တယ်
သူမက ကိုယ့်ကိုကိုယ် ရိုးရှင်းသန်မာတဲ့မိန်းကလေးတစ်ယောက်လို့ထင်ထားတာ
ဘယ်သူ့ကိုမှ မမှီခိုပဲ ကိုယ့်အားကိုကိုးပြီး အမြင့်ကိုတက်နိင်တဲ့မိန်းကလေးအဖြစ် ရဲရင့်ချင်ခဲ့တာ
မော်ဒန်ခေတ်မှာ သူမနေရကြပ်တယ် ခက်ခဲတယ်
သေခြင်းရှင်ခြင်းကြားပြေးလွှားနေရတယ်
ဒါပေမဲ့ သူမစိတ်ကတော့ ဗလာစာရွက်တခုလို ရှင်းလင်းလွန်းလှတယ်
အခု သူမဟာ ရှုပ်ထွေးတယ် အားနည်းတယ် သူမစိတ်ဟာ ပိုလို့အရောင်စွန်းလာရတယ်
ESTÁS LEYENDO
(Complete)(Book2)lengends of spring goddness (oc.nl)uni&zgi
Ficción histórica100 နောက်ပိုင်းအဆက်ပါ