Lengends of spring goddness
အပိုင်း(128) ပြန်ဆုံကြသည့်အခိုက်အတန့်
တိုက်ပွဲမှာပါဝင်တဲ့သူတိုင်းက သူတို့ရဲ့ခေါင်းကိုငုံ့ထားကြပြီးရှန့်ကွမ်းချိုးယွဲ့ရဲ့နားမှာ ဒူးထောက်ကာအပြစ်ခံယူနေကြတယ်
အားလုံးရဲ့အလယ်မှာရှိနေတဲ့ ရှန့်ကွမ်းချိုးယွဲ့ကတော့ လီရွှန်းကိုပွေ့ဖက်ပြီး အသံတိတ်ငေးနေလေရဲ့
ဘယ်သူ့ကိုမှ ဘာမှပြန်မပြောပဲ ဒီအတိုင်း ထိုင်နေတာ နေရာကတစက်လေးတောင်ရွေ့မလာဘူး
သူ့ပတ်ဝန်းကျင်မှာ ဘယ်သူမှမရှိဘူးလို့ထင်ရတယ်
တိတ်ဆိတ်နေပြီးအားလုံးခြောက်သွေ့နေတာက အခုအချိန်မှာတော့ အရမ်းကိုဝမ်းနည်းဖို့ကောင်းနေလေတယ်
သူပြောပြချင်ခဲ့တယ်
သူမကိုစတွေ့ထဲကသူရင်ခုန်ခဲ့ရတာပါလို့
အမြဲပြုံးနေတတ်တဲ့သူမကိုအရမ်းသဘောကျခဲ့ပြီး သူမလေးကိုအမြဲကာကွယ်ပေးခဲ့တာပါလို့
အရင်ကသူမပြောပြချင်ခဲ့ဘူးဆိုတာကလဲ အချိန်တွေအများကြီးရှိတယ်လို့သူထင်ခဲ့လို့
သူမလေးနေခဲ့သလိုမျိုး သူ့ဘေးမှာအမြဲရှိနေမယ်လို့ သူထင်ခဲ့လို့
သူမလေးကအနေအေးတယ် သူက သူမလေးရဲ့အဲ့လိုစရိုက်ကိုကြိုက်တယ်
အဝေးကိုသူမလေးရဲ့ကျောပြင်ကိုငေးမေရတာမျိုး ဘာတွေတွေးနေမှန်းမသိရတဲ့သူမလေးရဲ့အတွေးတွေကိုလဲသိချင်ခဲ့တယ်
အခုတော့ အရာအားလုံးက ရုတ်တရက်ဆန်စွာ သူ့ဆီမှာဖြစ်ပျက်လာခဲ့တယ်
တကယ်တမ်းတော့ သူမလေျးနာက် သူလဲလိုက်သွားချင်တာပါပဲ
ဒါပေမဲ့ ဟွားဟွား
သူ့မှာ ဟွားဟွားရှိနေသေးတယ်လေ
သူနောင်တရနေပါပြီလို့
အစထဲက သူမလေးအပေါ် ပိုချစ်ပိုမြတ်နိုးပေးရမှာကို
အခုတော့.......
ရွှန်းအာရယ် တကယ်ပဲ ကိုယ့်ကိုဒီလိုပုံစံနဲ့ ဒီအတိုင်းကြီး တကယ်ထားရစ်ခဲ့တာပဲ
ESTÁS LEYENDO
(Complete)(Book2)lengends of spring goddness (oc.nl)uni&zgi
Ficción histórica100 နောက်ပိုင်းအဆက်ပါ