စာစဉ်(11)အပိုင်း(115)

591 41 3
                                    

Lengends of spring goddness

အပိုင်း(115) နွေနှောင်းနတ်ဘုရားပြောပြတဲ့သူမအကြောင်း

တကယ်တော့ ဖုန့်ဟွမ်ထင်နေတာထက် ကျူးလစ်ခံစားနေရတာပါ

ရတနာ‌ေတွကိုအရမ်းမြတ်နိုးနေတဲ့အကိုဖြစ်သူရယ်

အဲ့ရတနာကို အသက်နဲ့ရင်းပြီးကာကွယ်ခဲ့တဲ့ချစ်တဲ့သူရယ်

သူမ ဘာမှမလုပ်နိုင်ပဲကြည့်ပဲ‌ကြည့်နေရတဲ့အဖြစ်ရယ်

ဘယ်လောက်တောင်ဆိုးဝါးလိုက်သလဲဆိုရင် အားလုံးကိုမေ့ပစ်ဖို့ဆုံးဖြတ်လိုက်ရတဲ့အထိ ကြီးမားခဲ့တာပါ

အခုလဲ သူမက ရှောင်ပြေးနေရတုနး်ပါပဲ

သူမရဲ့အသွေးအသားကိုလက်မှတ်တခုနဲ့တန်ဖိုးဖြတ်ထားတဲ့အကိုဖြစ်သူကြောင့် သူမမှာ ကွဲကြေစရာနှလုံးသားတွေလဲမရှိတော့ဘူးလို့ထင်ရတယ်

ချစ်တဲ့သူကလဲ ထွက်မလာသေး

သူမတစ်ယောက်ထဲပဲ ထပ်မံကျန်ခဲ့ပြန်ပြီ

"ချင်းချင်း ရှင်ဘယ်တော့မှ နိုးမှာလဲ ကျွန်မထပ်မစောင့်ချင်တော့ဘူး ပင်ပန်းနေပြီ "

ရေခဲဥလေးကို ကိုင်တွယ်ရင်း သူမပြောလိုက်မိတယ်

အဲ့အချိန် သူမရနေတဲ့အေးစက်မူ့က လှုပ်ခါသွားပြီး အနွေးဓာတ်လေးထွက်လာခဲ့ပါတယ်

"ကျွန်မသိတယ် ရှင်ကျွန်မကိုပစ်မထားဘူးဆိုတာကိုပေါ့ ရှင် သိလား ကျွန်မရှင့်ကိုအရမ်းလွမ်းနေပြီ"

"မေ့မေ့ "

"ဟမ် ! "

သူမ နတ်ဒေဝါအဆင့်ရောက်တာတောင်မှ နောက်ကရောက်လာတဲ့ဖြစ်တည်မူ့ကိုမ
ခံစားမိဘူး

"ကော ! "

ဟုတ်ပါတယ် သူမကို မေ့မေ့လို့ခေါ်တာ ဒီလောကကြီးမှာ ရှန်ကွမ်းချိုးယွဲ့တစ်ယောက်ထဲသာရှိလိမ့်မယ်

သူမနောက်လှည့်ကြည့်လိုက်တာနဲ့ ပြုံးနေတဲ့နွေနှောင်းနတ်ဘုရားကိုတွေ့လိုက်တယ်

သူ့နောက်မှာတော့ ဟွာကျနး်ရှဲ့

"မေ့မေ့ ကော တို့ စကားနဲနဲပြောရအောင် "

(Complete)(Book2)lengends of spring goddness (oc.nl)uni&zgiHikayelerin yaşadığı yer. Şimdi keşfedin