Lengends of spring goddness
အပိုင်း(113) နေလပန်းကိုဆွတ်ခူးချိန်
ကျုးလစ်ပြောတာကိုမယုံတဲ့သားရဲကြီးက ဖြူတဲ့ဥလေးတွေကိုဆေးသုတ်ထားသလိုစိမ်းနေတဲ့ဥလေးတွေနားမှာတညလုံးစောင့်နေခဲ့ပါတယ်
"ဂျွတ် ဂျွတ် ဂျွတ်"
သားရဲတွေကအိပ်စရာမလိုဘူး ဒါပေမဲ့ သူဘာကြောင့်အိပ်ပျာ်သွားလဲစဉ်းစားလို့မရဘူး
ညက တဂျွတ်ဂျွတ်အသံတွေကြားရပေမဲ့ မျက်စိတချက်လေးတောင်ဖွင့်မရခဲ့ဘူး
မနက်ရောက်လို့သူနိုးလာတဲ့အခါမှာတော့ ကြိုးကျေနေတဲ့အခွံတွေကိုပဲရှိတော့တယ်
အဲ့အခွံတွေကို မှင်သက်စွာကြည့်လိုက်တယ်
ပြီးတော့ ပတ်ဝန်းကျင်ကိုလဲကြည့်လိုက်တယ်
ညက ဆေးအိုးတွေရော လူတွေရောရှိခဲ့တာ
အခု အကျိုးအကြေအကြွင်းအကျန်တွေကလွဲပြီး ဘာမှရှိမနေတော့ဘူး
"အားးးးးးးးးးး"
သူထိတ်လန့်သွားခဲ့တယ်
အရိုးထဲအသွေးအသားထဲထိ အေးစက်တဲ့ခံစားချက်ကဖြတ်သန်းသွားခဲ့တယ်
လူသားတွေကို အစထဲကမယုံရတာ
ဆေးကုပေးသလိုလိုနဲ့ သူ့ဆ်ီကိုလာခဲ့ပြီး အခု ကလေးတွေကိုရော နေလပန်းကိုပါသယ်သွားလောက်ပြီပေါ့
နေလပန်း?
သားရဲကြီး နေလပန်းရှိရာကိုအပြေးအလွှားသွားခဲ့တယ်
သူပြေးနေတာမဟုတ်ပဲပျံသန်းနေသလိုကိုသွားခဲ့တာ
ဒါတောင်မှ လမ်းမှာမှောက်လဲတဲ့အကြိမ်အရေအတွက်အများကြီးကိုထည့်မပြောရသေးဘူး
အခု သူ နေလပန်းရှေ့မှာ ငူငိုင်ငိုင်နဲ့ရပ်လို့နေတယ်
ငွားငွားစွင့်စွင့်နဲ့ပွင့်နေတဲ့နေလပန်းက နေရောင်ခြည်ရှိရာဘက်မေးမော့နေရင်းမှ သူ့ကိုလှောင်ပြောင်နေသလို
ဒီလူတွေက အစထဲက သူ့နဲ့သူ့ကလေးတွေကိုပစ်မှတ်ထားခဲ့တာလား
အဲ့ဒါကြောင့် အခု ဥပေါက်လာတော့ ယူဆောင်သွားကြတာလား
"ငါ့ကလေးတွေ "
YOU ARE READING
(Complete)(Book2)lengends of spring goddness (oc.nl)uni&zgi
Historical Fiction100 နောက်ပိုင်းအဆက်ပါ