119.zgi

280 6 0
                                    

Lengends of spring goddness

အပိုင်း(119) အထက်ဘုံတွင်ပြန်လည်မွေးဖွားခြင်း

အနီရောင်ပန်းပွင့်ဖတ်လေးများဟာ ကောင်းကင်ကိုလွင့်ပျံသွားကြပြီး အထက်ဘုံဆ်ီကိုရှေးရှူ့လို့နေတယ်

ဝိဉာဉ်တစပင်ဖြစ်သော်ငြားလဲ သူမရဲ့သွားရာလမ်းကို ဘယ်သူကတဉီးတစ်ယောက်ကမှ မဟန့်တားနိုင်တဲ့အပြင် ဘယ်သူကမှလဲ မနှောင့်ယှက်နိုင်ခဲ့ဘူး

သုံးပိုင်းကွဲထွက်သွားတဲ့ဝိဥာဉ်ဟာပြီးပြည့်စုံသွားတဲ့ဝိဉာဉ်အဖြစ်ပေါင်းစည်းသွားပြီမို့ သူမရဲ့လူသားကိုယ်ကလွတ်မြောက်သွားတာနဲ့ ရနံ့သသင်းပျံ့ကာ အရှိန်အဝါကလဲ တစစပိုအားကောင်းလာခဲ့တယ်

လေနှင်ရာလွင့်ပါသွားသလိုပုံစံနဲ့ဖြစ်ပေမဲ့ သူမရဲ့ဦးတည်ရာလမ်းကြောင်းကအထက်ဘုံပါပဲ

အထက်ဘုံ

လူတိုင်းက အထက်ဘုံကို အရမ်းခမ်းနားလှပတဲ့နေရာလို့ပြောကြတယ်

လူသားတွေရြ့တမြို့စာက ဒီနေရာမှာတော့ အဆောင်တခုစာသာရှိတယ်

ရွှေရောင်တွေ ‌တဖိတ်ဖိတ်လက် တောက်ပနေတဲ့ ဒီနေရာကို အလယ်ဘုံကလူသားတိုင်း မက်မောကြတာချည်းပဲ

ပြိုးပြိုးပျက်ပျက်လင်းလက်နေတဲ့အထက်ဘုံက ‌အရင်ကအတိုင်း ခမ်းနားနေပေမဲ့လဲ လိုနေတာကတော့ တခုရှိလေတယ်

သစ်ပင်ပန်းမာန်‌တွေပျောက်ဆုံးနေခြင်းပါပဲ

တကယ်တော့ အထက်ဘုံက ဆေးဝါးပြတ်လတ်နေတာ အတော်ကြာပါပြီ

နွေဦးနတ်ဘုရားမ ရုတ်တရက်‌ပျောက်သွားထဲက ပန်းပင်တွေဟာလဲ အငွေ့ပျံသွားသလိုပဲ ညိုးရော်ခြောက်သွေ့သွားကြတယ်

ဘာမွေးရနံ့မှမရှိလို့ ကောင်းကင်သားရဲတွေတောင်ခက်ခက်ခဲခဲနဲ့အသက်ရှင်နေကြရတာပါ

သူတို့ကြိုစီစဉ်ထားတာသာမရှိရင် ကောင်းကင်သားရဲတွေဲလဲမျိုးတုန်းသွားမှာအမှန်ပါပဲ

ပန်းပွင့်တွေနဲ့မျက်စိပဒါသဖြစ်ခဲ့ဖူးတဲ့ ကောင်းကင်ဘုံစမ်းရေကလဲ အခုတော့ ‌ဘာပန်းပင်မှမရှိ သာမာန်ရေအတိုင်းပဲ ကြည်လဲ့နေပေမဲ့ ကြည့်လိုက်တိုင်းပျင်းရိငြီးငွေ့ခြင်းကိုခံစားရတယ်

(Complete)(Book2)lengends of spring goddness (oc.nl)uni&zgiTahanan ng mga kuwento. Tumuklas ngayon