Lengends of spring goddness
အပိုင်း(125)လီရွှန်းရဲ့သစ္စာဖောက်မူ့
"ထင်တဲ့အတိုင်း မိန်းမတွေရဲ့မနာလိုဖြစ်မူ့က အဲ့မိန်းမတစ်ယောက်ရဲ့အားသာချက်ဖြစ်သလို အားနည်းချက်လဲဖြစ်တာပဲကိုး "
"မင်းဘယ်သူလဲ ? "
လီရွှန်းကသတိထားပြီးမေးလိုက်တယ်
"အောက်ဘုံရဲ့မင်းသမီးယင်းကျဲက ကောင်းကင်အရှင်မကိုနှုတ်ခွန်းဆက်ပါတယ်"
"............."
အောက်ဘုံရဲ့မင်းသမီးယင်းကျဲတဲ့လား
အဲ့တော့ အောက်ဘုံက အဖွဲ့အစည်းတွေက အထက်ဘုံမှာစိမ့်ဝင်နေပြီလို့ဆိုလိုတာပေါ့
ဒါဆိုရင် အထက်ဘုံက အန္တရာယ်ရှိနေတဲ့အခြေအနေပဲ
"ကောင်းကင်အရှင်မ ဘယ်လိုတွေးပါသလဲ "
လီရွှန်း တွေဝေနေလေတယ်
တဖက်က ချစ်ရသူယောကျာ်း
တဖက်က ချစ်ရတဲ့သူငယ်ချင်း
ဒါပေမဲ့ အားလုံးက ကိုယ့်လောဘနဲ့ကိုယ်ပဲမဟုတ်လား
သူမကိုမုန်းတီးသွားမယ်ဆိုရင်တောင် သူမလုပ်ချင်တာကိုဖြစ်အောင်လုပ်ကိုလုပ်ရမယ်
"ကောင်းပြီ"
သူမ မတွေမဝေတော့ပဲ ပြတ်သားတဲ့မျက်နှာကိုပြလိုက်ပြီး တုန့်ဆိုင်းမူ့မရှိ ခေါင်းငြိတ်လိုက်တယ်
"ကောင်းပါပြီ ဒါဆို ကျွန်မအဖေနဲ့သွားတွေ့ကြမလား"
"လမ်းပြပါ"
လီရွှန်း အောက်ဘုံရဲ့ရည်ရွယ်ချက်ကဘာလဲဆိုတာမသိချင်တော့ဘူး
သူမကိုအသုံးချချင်တာလား
အသုံးချကြပါစေပေါ့
သူမဖြစ်ချင်တာသာ ဖြစ်ခွင့်ရရင် သူမရင်ဘတ်ပေါ်ကိုဖိနပ်တင်ပြီးနင်းလျှောက်သွားလဲ သူမက ပြုံးနေဦးမှာပဲ
ဒါပေမဲ့.....
လီရွှန်း အနောက်ကိုတချက်လီည့်ကြည့်လိုက်တယ်
ပုံမှန်နေ့တွေအတိုင်းပဲ ကောင်းကင်မှာယုံကြည်မူ့မြစ်များစွာစီးဆင်းနေတုန်းပဲ
YOU ARE READING
(Complete)(Book2)lengends of spring goddness (oc.nl)uni&zgi
Historical Fiction100 နောက်ပိုင်းအဆက်ပါ