Phone Keyboard ပေါ်ကရှန်ခွန်းနောင်ရဲ့
လက်တွေသည် တုန်ရီနေလေသည်။Eric က game streaming ပြီးသွားပြီဖြစ်သည်။
Active now ဖြစ်နေသည့် Sai Arnt Shine Yan
ဆိုသည့် Acc name ကို ကြည့်ကာ conversation
ကိုဖွင့်လိုက်၊ ဘာမှသွားမပြောရဲ၍ ပြန်ထွက်လာလိုက်ဖြင့် အချိန်တွေ တစတစ ကုန်လာသည်မှာ
ည ၁၀ နာရီခွဲသည်အထိပင်။'ဟဲ့ ပြောနေပြီလား..'
နန်းရတီဆီမှ message ထပ်ရောက်လာသည်။
ရှန်ခွန်းနောင် Eric ၏ conversation ထဲမှ ထွက်ကာ
Reply ပြန်လိုက်၏။'ပြောရသေးဘူး ။ မပြောရဲဘူး'
'နင်ကလည်း... ငါစိတ်မရှည်တော့ဘူး။
နင့် acc ကိုယူပြီး ငါပဲ သွားပြောလိုက်
ချင်တော့တယ် 'ရှန်ခွန်းနောင် ငိုနေသည့် Emoji လေးပဲ ပို့လိုက်မိ
တော့သည်။ထိုအခိုက် စိုင်းအံ့သျှိုင်းယံက my day
တင်လာသည်။
သူဂိမ်းဆော့ထားသည့် result ပုံလေးပဲ ဖြစ်သည်။တုန်ရီနေသည့် လက်တွေနဲ့ love reactကို
ရှန်ခွန်းနောင် ပေးလိုက်ပြီးမှ ..
Conversation ကိုပါဖွင့်ကာ .. message တစ်စောင်
ပိုလိုက်မိတော့၏။' Hi အစ်ကို >.< '
Message က ချက်ချင်း delivered
ဖြစ်သွားသည်။
ဆက်မကြည့်ရဲတော့တာကြောင့်
ဖုန်းကို မွေ့ယာပေါ် ပစ်ချကာ ခေါင်းအုံးမှာ
မျက်နှာအပ်၍ ငြိမ်နေလိုက်မိသည်။ရင်တွေသည်တုန်ရီနေလေသည်။
တစ်ဖက်ကဘယ်လို တုံ့ပြန်လာမလဲ
ဆိုတာကိုလည်း ..မတွေးရဲ၊
၆ လလောက် တိတ်တခိုး သဘောတကျနဲ့
ချစ်ခဲ့ရသည့်သူဆီကို ပထမဆုံးလှမ်းမိသည့်
ခြေလှမ်းပေမို့ သူအတွေးတွေများနေမိသည်။နောက်ဆုတ်ဖို့ အတွက် အခြေအနေတွေ
ဖြစ်လာရင်ရော...။
ရှန်ခွန်းနောင်..သက်ပြင်း
တစ်ချက်ရှိုက်လိုက်မိသည်။ဖုန်းလေးသည် တိတ်ဆိတ်နေဆဲ..။
Messenger ထဲသို့ ဝင်ကာ အစ်ကို့၏
Conversation ကို ကြည့်လိုက်သည့်အခါ
တွင်လည်း active now ဖြစ်နေဆဲ..။သို့ပေမဲ့ ရှန်ခွန်းနောင် ပို့ထားသည့် message လေး
ကိုတော့ဖြင့် ဖွင့်ဖတ်ထားခြင်း မရှိသေးပါချေ..။
![](https://img.wattpad.com/cover/302795990-288-k297719.jpg)
YOU ARE READING
RO ( ရို ) (Completed)
RomanceMyanmar BL. Two Romantic love stories (Bitter sweet + Pure sweet) Uni Life OWN CREATION TEEN ROMANCE UNICODE/ZAWGYI Start Date : FEB 26 2022 End Date : JUNE 11 2022