Mini Extra Present (SASY+SKN)

99.7K 4.3K 176
                                    


"ကိုကို့ ကျွန်တော်ဗိုက်ဆာနေပြီနော်"

"အင်း ခဏ ဘေဘီ ကိုယ်ပြီးပြီ"

မုန်တင်ခုံရှေ့တွင်ရပ်၍ သူ့ရဲ့ဆံပင်ကို ဂျယ်ဖြင့်
အနည်းငယ်ပုံသွင်းနေသော နို့နှစ်ရောင် လည်ထောင်
Sweater လက်ရှည်နဲ့ ဂျင်းဘောင်းဘီအနက်ကို
ဝတ်ထားသည့် ကိုကို့ကို ခုတင်ပေါ်တွင်ထိုင်၍
ရှန်ခွန်းနောင် စူပုပ်ပုပ်လေးကြည့်နေမိသည်။

သူ့သူငယ်ချင်းတွေ ညောင်ရွှေကို အလည်လာ၍
သွားတွေ့ကြရန် ပြင်ဆင်နေသည့် ကိုကိုက
အသက် ၃၀ စွန်းစွန်းကျော်နေပြီဖြစ်သည့်တိုင်အောင်
ရှန်ခွန်းနောင် သဝန်တိုမိသည်အထိ ကြည့်ကောင်းနေဆဲ။

"ပဲများနေ....လူပျိုလုပ်ချင်နေတာ"

Hoodie အပြာနုပွပွလေးနဲ့ ဂျင်းဘောင်းဘီ အဖြူလေးကို
ဝတ်ထားသည့် ရှန်ခွန်းနောင်က
ပွစိပွစိလေးပြောလိုက်သည်။

ကိုကိုက ခပ်တိုးတိုးရယ်လိုက်၏။

" ကိုယ်က ဘယ်မှာပဲများလို့လဲ.."

"ဘာပဲမများရမှာလဲ။
ကိုကို အဲ့မှန်တင်ခုံရှေ့ရောက်နေတာ
၆ မိနစ်နဲ့ ၃၅ စက္ကန့် ရှိနေပြီ"

"စက္ကန့်တွေကစလိုက်ရေနေတာပဲကွာ"

"ဗိုက်ဆာနေပါပြီဆို.... ကိုကို့!!"

ရှန်ခွန်းနောင် ခြေလေးကို ဆောင့်ပစ်ကာ
မကျေမနပ် အော်ပစ်လိုက်၏။

ထို့နောက် အောက်ထပ်မှာအသင့်
သွားစောင့်နေဖို့ တွေးကာ အခန်းထဲကထွက်ဖို့
လုပ်လိုက်တော့သည်။ ထိုအခါ ကိုကိုက

"ဘေဘီ ခုတင်ပေါ်က ကိုယ့်ပိုက်ဆံအိတ်နဲ့
ဖုန်းယူသွားပေးဦး"

ကိုကို စကားကြောင့် ရှန်ခွန်းနောင် ကိုကို့ကို မျက်စောင်း
တစ်ချက် ထိုးလိုက်ပြီးမှ အခန်းတံခါးနားရောက်နေ
သည့်ခြေလှမ်းတို့ကို ပြန်လှည့်ရပြန်သည်။

ကိုကို့ပိုက်ဆံအိတ်နဲ့ဖုန်းကို ယူပေးပြီး ပြန်ထွက်ဖို့
လုပ်သည်အထိ ကိုကိုကမှန်တင်ခုံရှေ့မှ မခွါ၊
သူ့အင်္ကျီကို smart ကျအောင် ဟိုဟိုဒီဒီပြန်ပြင်နေသည်ကိုကြည့်ကာ အမြင်ကပ်လာရတာကြောင့် ကိုကို့ဆီသွားပြီး
သိမ်းကြုံးဖက်ပစ်ကာ ကိုကို့ရင်အုပ်ကျယ်ကျယ်တို့အား မျက်နှာနဲ့ ဘယ်ပြန်ညာပြန်ပွတ်ပစ်လိုက်သည်။

RO ( ရို ) (Completed)Where stories live. Discover now