Love Sequel 3 (SASY+SKN)

106K 5.5K 259
                                    


"အိမ်ကကလေး အဖျားသက်သာလား အန်တီနု"

ရှယ်ယာရှင်တွေနဲ့ meeting ပြီးပြီးချင်းပင်
စိုင်းအံ့သျှိုင်းယံ ရုံးခန်းထဲသို့ဝင်လာပြီး
အိမ်ကိုဖုန်းလှမ်းဆက်ကာ မေးလိုက်သည်။

လက်တစ်ဖက်ဖြင့် ဖုန်းကိုကိုင်ကာ
တစ်ဖက်ကလည်း စားပွဲပေါ်က
ဖိုင်တွဲတွေကို သိမ်း၍ အိမ်သို့ယူသွားစရာရှိသည့်
အရေးကြီးသည့်ဖိုင်တွေကိုလည်း
ရွေးနေမိသည်။

"သက်သာတယ်ထင်တယ် ဆရာ။
ခုနက ကျွန်မ စျေးက ဝယ်ခဲ့တဲ့ မုန့်ကြွပ်
နှမ်းထူ တွေနဲ့ ဟင်းထုပ်တွေဆင်းစားပြီး
အပေါ်ပြန်တက်သွားတယ်"

"ဆန်ပြုတ်မကျွေးလိုက်ဘူးလား"

"ကျွန်မ ကျွေးလိုက်တယ် ဆရာ။
မစားချင်ဘူးတဲ့။
ဆရာပြန်လာမှစားမယ်ပြောတယ်"

"ကျွန်တော် အခုပြန်လာပြီ။
ကလေးကိုသွားပြောမနေနဲ့တော့။
အိပ်နေရင် အိပ်ရေးပျက်လိမ့်မယ်"

စိုင်းအံ့သျှိုင်းယံ ဖုန်းချလိုက်သည့်အချိန်တွင်ပဲ
အတွင်းရေးမှူးဖြစ်သည့် မင်းဝဏ္ဏက
ဝင်လာခဲ့သည်။

"ဆရာ ပြန်တော့မလားဗျ"

" အင်း ကျွန်တော်ပြန်တော့မယ်။
ဒီနေ့အတွက် နောက်ထပ်
အရေးကြီးကိစ္စမရှိတော့ဘူးမဟုတ်လား"

"ရှယ်ယာရှင်တစ်ယောက်နဲ့တော့
တွေ့စရာရှိပါတယ်။
ဒါပေမဲ့ ကျွန်တော် နောက် ၃ ရက်လောက်ကို
ရွှေ့ထားပါတယ်"

" အင်း ။  ဒီရက်ပိုင်းအတွင်းတော့ သိပ်အရေးမကြီးတဲ့ ကိစ္စတွေ အနောက်ရွှေ့ပေးထားပါဦး။
ရှန်ခွန်းနောင်က  နေမကောင်းတော့
ကျွန်တော်မရှိရင် ဂျီချင်နေလို့"

မင်းဝဏ္ဏက ပြုံးရယ်ကာ ခေါင်းညိတ်လိုက်၍

"ဟုတ်ကဲ့ဆရာ ။
ကျွန်တော် စီစဉ်ထားလိုက်ပါ့မယ် စိတ်ချပါ"

"ဪ .. ဒေါ်ဖြူဖြူဝင်းကို
တစ်ချက်ပြောလိုက်ပါဦး။
ရှန်ခွန်းနောင် ကို ကျွန်တော်
နောက်တစ်ပတ်လောက်နားခိုင်းလိုက်ဦးမယ်လို့.."

"ဟုတ်ကဲ့ဆရာ ။ကျွန်တော်ပြောထားလိုက်ပါ့မယ်"

ဒေါ်ဖြူဖြူဝင်းဆိုတာက လက်ရှိ ရှန်ခွန်းနောင်
အလုပ်သင်အဖြစ်နှင့်အလုပ်ဝင်နေသော
Hotel Paradise ၏ Event Manager ဖြစ်သည်။

RO ( ရို ) (Completed)Where stories live. Discover now