"သား ဘယ်သွားမလို့လဲ"
ဝေမှူးပိုင်နဲ့ တွေ့ရန်ချိန်းထားသည့်အတွက်
အိမ်အပေါ်ထပ်မှ လွှမ်းသုတဆင်းလာချိန်တွင်
ဧည့်ခန်းမှာထိုင်နေသည့် မေမေက မေးလာသည်။ဖေဖေကတော့ နဂိုကတည်းက မိသားစုအပေါ်တွင်
တည်တည်တင်းတင်းနေတတ်သူဖြစ်၍ အကဲခတ်ဟန်ဖြင့် တစ်ချက်သာ ကြည့်လာ၏။"သူငယ်ချင်းနဲ့တွေ့မလို့ မေမေ။ မေမေတို့ဒီနေ့
အပြင်မသွားရဘူးပေါ့""ဒီနေ့ဥပုသ်နေ့လေ။ ပွဲရုံပိတ်တယ်"
"ဪ ။ ဟုတ်သားပဲ ။ အဲ့ဒါဆို သွားဦးမယ်နော်
မေမေ။ သူငယ်ချင်းက အိမ်ရှေ့မှာစောင့်နေပြီ""ဟိုတစ်ခေါက် သားဖျားတုန်းက
လာတွေ့တဲ့ ကောင်လေးလား"ကျောင်းင်္သကြန်နေ့တုန်းက လွှမ်းသုတ ဖျားခဲ့တုန်းက ဝေမှူးပိုင်လာတွေ့သည်ကြောင့် မေမေက
သတိတရမေးခြင်းဖြစ်သည်။အဲ့ဒီတုန်းက မေမေက
ဝေမှူးပိုင်ကိုတောင် သူတို့အိမ်ပြန်ရောက်တဲ့အထိ
လွှမ်းသုတဘေးမှာ နေပေးဖို့ အကူအညီတောင်းသွားခဲ့တာလေ။"ဟုတ်တယ် မေမေ"
"အေးအေး သွားသွား"
"ဖေဖေ ကျွန်တော် သွားဦးမယ်။
အပြင်က စားချင်တာ
ရှိရင်ဖုန်းဆက်ပြီးလှမ်းမှာလိုက်နော်"ဖေဖေက ခေါင်းကိုသာတစ်ချက်ညိတ်ပြ၏။
လွှမ်းသုတလည်း အိမ်ရှေ့သို့ သာ
မြန်မြန်ထွက်ခဲ့လိုက်တော့သည်။"အဲ့ဒီကောင်လေးကို ကြည့်ရတာ သားကိုအတော်
ခင်ရှာတယ် ထင်တယ်။ ဟိုတစ်ခေါက်က သားနဲ့
အတူမနက်လမ်းလျှောက်ထွက်ရင်း
ကျွန်မတို့အတွက်တောင်
မနက်စာဝယ်ထည့်ပေးလိုက်တယ်ဆိုတဲ့
ကောင်လေးလေ အဖေကြီး"လွှမ်းသုတ၏ အမေဖြစ်သူ ဒေါ်စိုးယုက
အိမ်ထောင်ဦးစီးဖြစ်သည့် ဦးသုတမြင့်လွင်ကို
ပြောလိုက်ခြင်းဖြစ်သည်။ဦးသုတမြင့်လွင်ကတော့ တည်တင်းသည့်
မျက်နှာဖြင့်သာရှိနေပြီးမှ.."ယောကျာ်းလေးချင်းဆိုပြီးလည်း သားကို
စိတ်ချလက်ချ လွှတ်မထားနဲ့ ။ အခုခေတ်က
ပြောရတာမဟုတ်ဘူး။ဟိုတစ်နေ့ကလည်း
ငါ့သူငယ်ချင်း စက်ရုံသူဌေးရဲ့သားက ယောကျာ်း
လေးချင်းတွဲတာတဲ့။ ဒါကို ငါ့သူငယ်ချင်းကလည်း
လက်ခံသတဲ့။ ငါကတော့ဘေးကကြည့်ပြီးတောင်
ဒေါသထွက်တယ်။ ပတ်ဝန်းကျင်ကို
ဂရုမစိုက်ကြတာလား။ ဦးနှောက်မရှိကြတာလား
တစ်ခုခုပဲ။ ပတ်ဝန်းကျင်ဆိုတာ
ကဲ့ရဲ့ခုနစ်ရက် ချီးမွမ်းခုနစ်ရက်လို့ဆိုပေမဲ့
အခွင့်သာတိုင်း ဒီကိစ္စကို လက်ညှိုးထိုးကြမှာ..။
သားကိုလည်း အဲ့ဒီလိုမဖြစ်စေနဲ့.."

BẠN ĐANG ĐỌC
RO ( ရို ) (Completed)
Lãng mạnMyanmar BL. Two Romantic love stories (Bitter sweet + Pure sweet) Uni Life OWN CREATION TEEN ROMANCE UNICODE/ZAWGYI Start Date : FEB 26 2022 End Date : JUNE 11 2022