အပိုင်း(၁၁)

127K 8.5K 1K
                                    

" ဘာနဲ့လာတာလဲ.."

ရုပ်ရှင်ဇာတ်ကားအလယ်လောက်ရောက်သည့်
အချိန်တွင် ဘေးတွင်ထိုင်၍
တစ်ချိန်လုံးတိတ်ဆိတ်နေသော
ဝေမှူးပိုင်ဆီမှ အသံထွက်လာခဲ့သည်။

လွှမ်းသုတက တစ်ချက်လှည့်ကြည့်လိုက်ပြီးမှ
ဇာတ်ကားဆီသို့ အကြည့်ပြန်လွှဲကာ
ဖြေလိုက်သည်။

" ဆိုင်ကယ်နဲ့.."

"ဪ.."

" တစ်ယောက်တည်း စီးလာတာလား.."

" အင်း..။ ရှန်ခွန်းနောင်မလိုက်ခဲ့လို့."

ဝေမှူးပိုင်က တိတ်ဆိတ်သွားပြန်သည်။
လွှမ်းသုတလည်း coke ကို အနည်းငယ်သောက်လိုက်ပြီးမှ ဝေမှူးပိုင်ကို
တစ်ချက်လှည့်ကြည့်လိုက်မိ၏။

ပါးလျသော နှုတ်ခမ်းနှင့်
မေးရိုးချွန်ချွန်ကို သတိထားမိလိုက်ပါမှ
ပထမနှစ်တုန်းက ဘာလို့..
ဝေမှူးပိုင်ကို King Selection
ထဲမှာ ပါဖို့ စီနီယာအစ်မတွေ​ အတန်းထဲမှာ
ခဏခဏလာပြောခဲ့လဲ ဆိုတာကို
အဖြေရှာတွေ့မိသွားသည်..။

ဆံပင်ကို အနည်းငယ်ဖွရုံကောက်ထား၍
နဖူးအလယ်လောက်မှာသာ
မျက်ခုံးထင်းထင်းတို့အနည်းငယ်ပေါ်ရုံခွဲထားသည့်ဆံပင်ပုံစံကလည်း သူနဲ့မှ
ကြည့်၍ကောင်းသည်။

နားရွက်အောက် နည်းနည်းရောက်သည့်နေရာ
ဖြူစွတ်သည့် လည်တိုင်..တွင်  သေးငယ်သည့်
diamond shaped tattoo  ကို
လည်းတွေ့မြင်လိုက်ရ၏..။

အနည်းငယ် မှောင်နေသည်ကြောင့်
မပီမပြင်သာမြင်နေရပေမဲ့.. အဲ့ဒီ tattoo
ကလည်း သူနဲ့မှ လိုက်ဖက်နေတာမို့
လွှမ်းသုတ ..ကိုယ့်ကိုယ်ကိုယ် ပင်
သတိမထားမိဘဲ ဝေမှူးပိုင်ကို
အတန်ကြာထိ စိုက်ကြည့်နေမိသည်။

" ဇာတ်လမ်းက မင်းရဲ့ အရှေ့မှာ ပြနေတာ
ထင်တယ်."

ဝေမှူးပိုင်ဆီမှ ထွက်လာသောအသံ..။
ထိုအခါမှ.. လွှမ်းသုတ
ချောင်းအနည်းငယ်ဟန့်၍ ရုပ်ရှင်ဆီသို့
အကြည့်ရွှေ့လိုက်မိသည်..။

ဝေမှူးပိုင်က လွှမ်းသုတကိုကြည့်လိုက်ပြီးမှ
နှုတ်ခမ်းထောင့်စွန်းလေး ကော့တက်ရုံမျှ
တစ်ချက် ပြုံးလိုက်သည်။

RO ( ရို ) (Completed)Where stories live. Discover now