ကိုကိုဝယ်ပေးတဲ့ မိုင်လိုဗူး တွေကို
' လုံးဝ မသောက်ရ'
ဆိုသည့် စာကပ်ကာ ရေခဲသေတ္တာထဲတွင်
စီစီရီရီသွားထည့်ပြီး
အပေါ်သို့ ပြန်တက်လာခဲ့သည်။အိမ်မှာက မေမေရယ်၊ မဖြူရယ်၊ ရှန်ခွန်းနောင်ရယ်သာ ရှိလို့ အိမ်သားတွေက ဘယ်သူမှ
မသောက်ပေမဲ့ တစ်ခါတလေ မေမေက သူ့ဧည့်သည်လာလို့ ကလေးတွေ ပါရင်
ရှန်ခွန်းနောင်ရဲ့ မုန့်တွေ ၊ အအေးတွေ ထုတ်ကျွေးသည်၊ ထုတ်တိုက်သည်မှာ ခဏခဏပင် ။ရှန်ခွန်းနောင် အခန်းထဲသို့ရောက်သည့်အခါ
အိပ်ယာပေါ်တွင်တင်ထားသော ဖုန်းလေးက
Ringtone သံမြည်နေတာကြောင့် ပြေးသွားကာ
ကြည့်လိုက်မိသည်။ကိုကိုခေါ်တာဖြစ်တာကြောင့် ရှန်ခွန်းနောင်
အလိုလို ပြုံးသွားမိပါ၏။" hello .."
"အင်း..မအိပ်သေးဘူးမလား.."
" ဟုတ်.. ကိုကို ဖုန်းဆက်မှာကို စောင့်နေတာ.."
" ကိုယ် ညစာ ခဏစားနေလို့.."
" ညစာက stream ပြီးမှ စားတာလား.."
" အများအားဖြင့်ပေါ့။ stream နားတဲ့ရက်တွေတော့ စောစော စားတာပေါ့.."
" ဘာစားထားလဲ.."
" ပေါင််မုန့် နဲ့ coffee"
ရှန်ခွန်းနောင် မျက်မှောင်လေးကုပ်၍
ငြိမ်နေလိုက်မိသည်။
ကျန်းမာရေး ဂရုမစိုက်တတ်တဲ့ ကိုကို့
အကျင့်ကို တကယ်မကြိုက်ပါ။" ဘာလို့.. တိတ်သွားတာလဲ..."
" ....."
" ရှန်ခွန်းနောင်.."
ခပ်တိုးတိုးခေါ်လာသည့် ကိုကို့အသံ..။
" ကျောင်းက ညနေပြန်ရောက်ရင်
ကိုကို မချက်တတ်ဘူး ဆို.. deli နဲ့တစ်ခုခု
မှာစားလို့ရတာပဲ မဟုတ်ဘူးလား.."" ဘာကိုလဲ.."
" ကိုကို အစားအသောက်သေချာမစားတာကို
ပြောနေတာ..""ညစာဆိုတာ အစကတည်းက အများကြီး
စားလို့ ကောင်းတဲ့အရာမှ မဟုတ်တာ..။
weight တက်လာရင် ဘယ်လိုလုပ်မလဲ.."ကိုကိုပြောတော့ ညနေက ထမင်းတစ်ပန်းကန်၊
ပေါင်မုန့်ကြက်ဥကြော်နဲ့ မိုင်လို တစ်ခွက် သောက်ထားသည့် ကိုယ့်ကိုယ် ကိုယ် ပြန်တွေးမိ
သွားရသည်။
YOU ARE READING
RO ( ရို ) (Completed)
RomanceMyanmar BL. Two Romantic love stories (Bitter sweet + Pure sweet) Uni Life OWN CREATION TEEN ROMANCE UNICODE/ZAWGYI Start Date : FEB 26 2022 End Date : JUNE 11 2022