Love Sequel 4 (SASY + SKN)

101K 5.3K 698
                                    

"အဲ့ကိုကို့ ကို သားလုံးဝပြန်မခေါ်ဘူး အန်တီလေး"

သူမ ခူးခပ်ကျွေးထားသော ထမင်းကို
ပလုပ်ပလောင်းဖြင့်စားနေလျက်
မကျေမနပ်လေးပြောနေသည့်
ကလေးငယ်ကိုကြည့်ကာ ဒေါ်နန်းမော်
ပြုံးလိုက်မိသည်။

အစ်ကိုဖြစ်သူ ဦးစိုင်းယံနဲ့ မနက်စာအတူစားနေခိုက်
ဖုန်းဝင်လာပြီး ' အန်တီလေး သားဆီကို
ကားလွှတ်ပေး တောင်ကြီးလာမလို့'
ဆိုကာငိုသံလေးနဲ့ပြောလာခဲ့တော့
သူမတို့မှာလန့်သွားရသေးသည်။

ဒီရောက်မှ ပြောပြတဲ့စကားတွေကို နားထောင်ပြီး
သူမတို့စိုးရိမ်နေမိသလို
ကြီးကြီးမားမားပြဿနာမဟုတ်ဘဲ 
စိတ်ကောက်လာတာကို သိမှသာ
ပြုံးမိရတော့တာဖြစ်၏။

ဦးစိုင်းယံသည်လည်း ထိုအခါမှ အလုပ်ကိစ္စ
ချိန်းဆိုထားသည့်နေရာကို စိတ်အေးလက်အေး
သွားနိုင်တော့တာဖြစ်သည်။

စိတ်ကောက်၊စိတ်ဆိုးနေတာတောင်မှပဲ
မန္တလေးက အမေဖြစ်သူဆီကိုမပြန်ဘဲ သူမတို့ဆီ
လာခဲ့တဲ့ ကလေးလေးကြောင့် သူမတို့မှာ
အချစ်တိုးရသလိုအစ်ကိုပြောသလို
သားငယ်လေး က သားစိုင်းအံ့သျှိုင်းယံ ကို
သိပ်ချစ်ရှာတယ်ဆိုတဲ့စကားကိုလည်း
နားလည်လက်ခံမိရသည်။

" ခုနက သားငယ်လေးရဲ့ကိုကိုက ဖုန်းဆက်တယ်။
သူညောင်ရွှေကထွက်ခဲ့ပြီတဲ့"

" ဟွန့်..။ ကိုကို့နောက်ကို လုံးဝပြန်မလိုက်ပါဘူး ။
အန်တီလေးနဲ့ပဲနေမှာ.."

" အမလေးတော်။အပိုတွေပြောနေပြန်ပြီ"

ပါးအိအိလေးကိုချစ်စနိုးနဲ့ဆွဲမိရင်းပြောသည့်အခါ
လုပ်လိုက်သည့် ပြုံးစိစိရုပ်လေးကလည်း
ချစ်စဖွယ်။

ဒီဆည်းလည်းလေး သူမတို့အိမ်ကိုရောက်လာတာကပဲ သူမအတွက် သားလေးတစ်ယောက်
ကောက်ရလိုက်သလို ခံစားနေရတာက
ရှေးဘဝကရေစက်ကြောင့်ပဲဖြစ်ဟန်တူပါသည်။

"စားပြီးရင် အခန်းထဲသွားလှဲနေလိုက်ဦး။
သိပ်နေမကောင်းဘူးဆို.."

"အန်တီလေး ချက်တဲ့ထမင်း စားလိုက်တော့
နေကောင်းနေပါပြီ"

"ဒါဆို အန်တီလေး
ဟိုဘက်လမ်းမှာ ပန်းပင်လေးတွေ
သွားဝယ်မလို့ လိုက်ခဲ့မလား"

RO ( ရို ) (Completed)Where stories live. Discover now