အပိုင်း(၉)

111K 7.9K 348
                                    

" တကယ်ပြောနေတာလား ရှန်ခွန်းနောင်.."

" ဟီး နင်က သတ္တိရှိသားပဲ..။
နင်ပြောပြသလောက်ဆိုရင်တော့
Ericက မဆိုးပါဘူး"

" ငါပြောလိုက်တဲ့နေ့ကတည်းက နင်သူနဲ့
မပတ်သက်တော့ဘူးထင်နေတာ..
ရှန်ခွန်းနောင်.."

ညနေအတန်းချိန်ပြီးသွား၍
စာသင်ခန်းထဲက ထွက်ဖို့
ပြင်ဆင်ကြတော့မည့်အချိန်တွင်..
သူနဲ့ အစ်ကို့ရဲ့ လက်ရှိဆက်ဆံရေးကို
သူငယ်ချင်းတွေအား
ဖွင့်ပြောပြလိုက်ခြင်းဖြစ်သည်။

ရှိတာမှ သူငယ်ချင်း လေးယောက်မို့
ရှန်ခွန်းနောင် သူ့ရဲ့ ဘယ်အကြောင်းကို
မှကြာကြာ လျို့ဝှက်မထားချင်ပါ။
မနက်ဖြန်ဆိုရင်ပဲ အစ်ကို့ကို
သူဖွင့်ပြောခဲ့တာက ၁ လပြည့်တော့မှာလေ....။

လွှမ်းသုတ ကတော့
အနည်းငယ် အံ့ဩသွားဟန်
ရှိပြီး.. နန်းရတီက တော့ ပြုံးပျော်၍
သဘောကျနေဟန်ရှိ၏။

ထက်နှင်းဝေကတော့ သူ့စကားကို
အရေးမလုပ်ဟု ထင်မှတ်သွားပုံရကာ
အနည်းငယ် စိတ်ဆိုးသွားဟန်ရှိသည်။

စိတ်မကြည်မလင်ဖြစ်သွားသည့်
ထက်နှင်းဝေကို ကြည့်ကာ ရှန်ခွန်းနောင်
မျက်နှာငယ်သွားမိသည်။
ထိုအချင်းအရာကို နန်းရတီက
မြင်လိုက်တာကြောင့် ရှန်ခွန်းနောင်ရဲ့
မျက်လုံးဝိုင်းလေးတွေကို စိုက်ကြည့်ကာ
သေသေချာချာပြုံးပြ၍
ခေါင်းရမ်းပြလိုက်သည်။

စိတ်မညစ်ပါနဲ့..၊ အဆင်ပြေသွားမှာပါဆိုသည့်
သဘော...။

" ငါက.. သူ့ကို အရမ်းသဘောကျမိလို့ပါ..
ဘာပဲဖြစ်နေနေ .. လူတိုင်းက
ကိုယ်ချစ်တဲ့လူကို
တစ်ခါလောက်တော့
ချစ်တဲ့အကြောင်းဖွင့်ပြောဖို့တော့
အခွင့်အရေးရှိတယ်လို့ငါတွေးခဲ့တာ..။

ဒါပေမဲ့.. နင်စိုးရိမ်သလိုမျိုးတော့..
ငါအခုချိန်ထိ နာကျင်ရတာမျိုး
မရှိသေးပါဘူး..။
သူက ငါ့ခံစားချက်တွေကို တလေးတစားရှိပြီး
ဒီလိုမသေချာတဲ့ဆက်ဆံရေးမှာတောင်..
ငါ့ကိုလည်း တော်တော်ဂရုစိုက်ပါတယ် ..။
ထက်နှင်းဝေ..နင့်စကားကို အလေးမထားတာ
မဟုတ်ပါဘူး..။ ငါ့ကိုစိတ်မဆိုးပါနဲ့.."

RO ( ရို ) (Completed)Dove le storie prendono vita. Scoprilo ora