မထင်ခဲ့မိဘူး..။
မနက်လာမယ်ဆိုတဲ့ ဝေမှူးပိုင်ရဲ့ပြောစကားမှာ
ပါတဲ့ မနက်ဆိုတာ .. မနက် ၇ နာရီ မတ်တင်း ကို
ရည်ညွှန်းမှန်း တကယ်မသိခဲ့တာအမှန်။ကျောင်းပိတ်တဲ့မနက်တွေဆို
၁၂ နာရီခွဲလောက်မှ ထတတ်တဲ့
လွှမ်းသုတ အိပ်မှုန်စုံမွှားနဲ့ထ၍ ရေချိုးခန်းဝင်
ရသည်မှာ မျက်နှာသစ်ဆေးကို သွားပွတ်တံပေါ်
တင်ပြီး ပါးစပ်ထဲ ထိုးထည့်မိသည်အထိပင်။ညအိပ်ဝတ် ကို ချွတ်ကာ လွယ်လွယ်တွေ့ရတဲ့
အားကစားဘောင်းဘီအနက်ရောင်အရှည်နဲ့
တီရှပ်လက်တို အဖြူနဲ့လဲ
ဝတ်ပြီး အောက်ဆင်းခဲ့ရသည့်အချိန်တွင်
အိမ်ရှေ့မှာ အသင့်စောင့်နေတဲ့ ဝေမှူးပိုင်ရဲ့ Lexus ကားအပြာရောင်ကိုတွေ့လိုက်ရသည်။အိမ်က ဖေဖေနဲ့မေမေပင် မထသေးတာကြောင့်
တံခါးကို အသံမကြားအောင် ဖွင့်ပြီး အပြင်ကနေ
စေ့ပိတ်ခဲ့ရသည်။ကားထဲဝင်ထိုင်သည့်အခါ တွေ့လိုက်ရသည့်
ဝေမှူးပိုင်ကသူ့လို အိပ်ချင်မူးတူးရုပ်နဲ့မဟုတ်ဘဲ
သန့်ပြန့်မွှေးကြိုင်လန်းဆန်းလျက်။ဂျင်းဘောင်းဘီ အပြာနုနဲ့ oversized T-shirt
အညိုရောင်ကို လိုက်ဖက်ညီစွာဝတ်ဆင်ထားပြီး
ဖိနပ်ကိုတော့ Nike Air Force 1 အဖြူစွတ်စွတ်ကို
စီးထားသည်။ သူ့ရဲ့ undercut ဆံပင် ကိုပါ ..
သေချာပုံသွင်းထားဟန်ရှိတဲ့ ဝေမှူးပိုင်က
ဘယ်အချိန်ကတည်းကများ ထနေတာလဲ..။အချိန်ကြာလာတာနဲ့အမျှ သိလာသည်။
ဝေမှူးပိုင်က တစ်ခါတလေ စိတ်သိပ်
မှန်တဲ့ပုံမပေါ်ဘူး။ကားထဲမှာ ဝင်ထိုင်လိုက်ပြီးတာနဲ့
လွှမ်းသုတ ဘာမှပင်မပြောနိုင်ဘဲ..
ထိုင်ခုံနောက်မှီမှာ ခေါင်းကိုမှီ၍ မျက်လုံးတွေကို
မှေးမှိတ်ထားလိုက်၏။
တကယ် အိပ်ရေးမဝပါ..။
မနေ့ညကဖုန်းပြောပြီးသည့် အချိန်ကလည်း
နောက်ကျသည့်အပြင် ရင်ဘတ်ထဲကကောင်က
အရူးထ ပြီးခုန်ပေါက်
နေသည့်အတွက် သူလွယ်လွယ်မအိပ်နိုင်ခဲ့။" အိပ်ရေးမဝဘူးလား.."
" အင်း ပြောစရာရှိတာပြောပြီးပြန်တော့
ငါပြန်အိပ်တော့မှာ.."
YOU ARE READING
RO ( ရို ) (Completed)
RomanceMyanmar BL. Two Romantic love stories (Bitter sweet + Pure sweet) Uni Life OWN CREATION TEEN ROMANCE UNICODE/ZAWGYI Start Date : FEB 26 2022 End Date : JUNE 11 2022