အပိုင်း(၃၄)

131K 7.2K 575
                                    


'မင်းအတင်းကိုင်တာ ငါ့ရင်ဘတ်တွေ တကယ်
ကျိန်းပြီးနီရဲနေပြီ။နောက်တစ်ခါ လုပ်ရဲလုပ်ကြည့်
မင်းကိုငါ ပိတ်ကန်မယ်'

ရေချိုးပြီးနောက် bathrobe တစ်ထည်ဝတ်ကာ
ရေစိုဆံပင်တွေကို တဘက်တစ်ထည်ဖြင့်
သုတ်နေခိုက် သူ့ဖုန်းဆီသို့ဝင်လာသော
လွှမ်းသုတဆီမှ message ကြောင့်ဝေမှူးပိုင်
တစ်ချက်ပြုံးလိုက်သည်။

ထို့နောက် ခုတင်ပေါ်တွင်ထိုင်ကာ message တစ်စောင် ပြန်ပို့လိုက်၏။

' နီရဲနေတာလား'

'အင်း'

'မောင့်ကိုပြပါဦး'

စနောက်၍ ပို့လိုက်ပြီးမှ ဝေမှူးပိုင်ခပ်တိုးတိုး
ရယ်လိုက်မိသည်။

လွှမ်းသုတဆီမှ reply ပြန်မလာခဲ့။
မိနစ်အနည်းငယ်ကြာမှ..

'အေး ပြမယ် ခဏ'

မထင်ထားတာကြောင့်
ဝေမှူးပိုင် မျက်လုံးတွေပင် မသိမသာပြူးသွားရကာအံ့ဩသွားရ၏။ထို့နောက် reply ကို
မြန်မြန်ပြန်လိုက်သည်။

'အင်း ပြ မောင်ကြည့်မယ်'

-
-

လွှမ်းသုတဆီမှ photo message ရောက်လာ၏။

-
-

'ကြည့် အင့်'

ပို့လာသည့်ဓာတ်ပုံလေးကိုကြည့်ပြီးဝေမှူးပိုင် နှစ်နှစ်ခြိုက်ခြိုက်ပင်ရယ်လိုက်မိတော့သည်။

¡Ay! Esta imagen no sigue nuestras pautas de contenido. Para continuar la publicación, intente quitarla o subir otra.


ပို့လာသည့်ဓာတ်ပုံလေးကိုကြည့်ပြီး
ဝေမှူးပိုင် နှစ်နှစ်ခြိုက်ခြိုက်ပင်
ရယ်လိုက်မိတော့သည်။

ထို့နောက် ပါးစပ်မှလည်း
ခပ်တိုးတိုးရေရွတ်လိုက်မိပါ၏။

"လွှမ်းသုတ
မင်းက ချစ်စရာကောင်းလိုက်တာကွာ.."




________________________


အိမ်အောက်ထပ်တွင်မေမေနဲ့ ကိုကို
စကားပြောနေသည်ကို စိတ်ပူရင်း
ရှန်ခွန်းနောင် သူ့အခန်းထဲတွင် အရှေ့သို့
လျှောက်လိုက်၊အနောက်သို့လျှောက်လိုက်
လုပ်နေမိပါသည်။

RO ( ရို ) (Completed)Donde viven las historias. Descúbrelo ahora