အပိုင်း(၂၂)

119K 7.4K 1.3K
                                    

"ဟာ! နံနံပင်တွေ မကြိုက်ပါဘူးဆို"

မုန့်ဟင်းခါးပန်းကန်ထဲ ပေါလောမျောနေတဲ့
အစိမ်းရွက်ဖတ်တွေကို မုန်းတီးစွာပင်
ကြည့်ရင်း လွှမ်းသုတပြောလိုက်သည်။

" မင်းကငါ့ကို ကြိိုပြောသင့်တာလေ"

ဘေးတွင်ထိုင်နေသည့် ဝေမှူးပိုင်ရဲ့စကားကို
ကြားသည့်အခါ လွှမ်းသုတ က မျက်ခုံးလေးကို
ပိုတွန့်ကုပ်လိုက်ပြီး..

" မင်း ငါ့ကိုမေးလို့လား..ဘာလို့
အကုန်ရောထည့်မွှေပစ်လိုက်တာလဲ.."

"ကြိုက်မယ်ထင်တာပေါ့ကွာ...."

" စေတနာမှမပါတာ..။ မစားဘူး။
အပေါ်ပြန်တက်ပြီ"

လွှမ်းသုတက ထမင်းစားပွဲကထပြီး
တကယ်ပဲ အပေါ်ပြန်တက်မည့်ဟန်ပြင်နေတာကြောင့် နောက်ဆုံးဝေမှူးပိုင်ကပဲ လက်ကိုဆွဲကာ
တားလိုက်ရသည်။

" ဘာလဲ။မင်းလည်းပြန်တော့"

" မပြန်ဘူး ။ မင်းအိမ်ကလူတွေ ပြန်လာမှပြန်မှာ။
မင်းလည်း စားရမယ် ခုံမှာပြန်ထိုင်"

လေသံဆတ်ဆတ်ဖြင့် ဝေမှူးပိုင်ပြောလိုက်သည့်အခါ
လွှမ်းသုတ မကျေမနပ်ကြည့်လိုက်သည်။

သူများတွေပျော်နေတဲ့ ကျောင်းင်္သကြန်နေ့မှာမှ
တိုက်တိုက်ဆိုင်ဆိုင်လာဖျားနေရုံမက ..၊
သူဖျားနေတာကိုပင် .. ဂရုမစိုက်ဘဲ ပွဲရုံမှာ
ကြက်သွန်အဝင်တွေသွားကြည့်ဖို့ရှိသည်ဟုဆိုကာ
အိမ်က မိဘနှစ်ပါးလုံးက အချိန်ကိုက်ရောက်လာသော ဝေမှုးပိုင်နဲ့ သူ့ကို စိတ်ချလက်ချဖြင့်
နှစ်ယောက်တည်းထားခဲ့ကာ ထွက်သွားသည်။

ထို့ပြင်မနေ့ညကတည်းက စားချင်နေ၍ message နဲ့
ပို့ကာမှာလိုက်သည့် ဝေမှူးပိုင်ဝယ်လာသော
မုန့်ဟင်းခါးကလည်း သူအမုန်းဆုံးနံနံပင်တွေပေါလောပေါ်နေသည့်အခါ လွှမ်းသုတရဲ့စိတ်က အလိုလို
အနုတ်ဘက်ကို ပြနေပေပြီ။

" ကြားလား လွှမ်းသုတ ။ ခုံမှာ ပြန်ထိုင်"

လွှမ်းသုတ ကျစ်ခနဲ စုတ်သပ်
ပြီးမှ ခုံတွင်ပြန်ထိုင်လိုက်သည်။

ဝေမှူးပိုင်က တစ်ချက်ကြည့်လာပြီးမှ
မျက်စိရှေ့က မုန့်ဟင်းခါးပန်းကန်ကို
ဆွဲယူသွားသည်။

RO ( ရို ) (Completed)Where stories live. Discover now