အပိုင်း(၄)

125K 9.1K 2.2K
                                    

"ဒီနေ့တော့ 3rd year အတန်းတွေဘက်ကို
ခြေဦးမလှည့်ပါလား"

အတန်းပြီး၍ ကျောင်းကားရပ်ထားသည့်
ကျောင်းအပြင်ဘက်ကို  လေးယောက်သား
လျှောက်လာကြသည့်အချိန် လွှမ်းသုတ
ကမေးလာခြင်းဖြစ်သည်။

ရှန်ခွန်းနောင်ကတော့ လက်ထဲက  ရေခဲမုန့်ကို
စားနေရင်းနဲ့ပင် မနက်က အကြောင်းကို
ပြန်တွေးမိကာ ပါးလေးတွေပင် ရှိန်းခနဲ
ပူတက်သွားရသည်။

အိပ်နေတုန်း သွားချောင်းကြည့်တာ
လူမိသွားတာကြောင့်
ရှက်လို့ မသွားရဲတော့တာလို့ပြောရင်
သေချာပေါက်
ဝိုင်းရယ်ကြတော့မှာ...။

"ဘာပဲဖြစ်ဖြစ် ငါ့သင်္ဘောလေးက အခြေအနေကောင်းတယ်.."

နန်းရတီက ခုန်ဆွခုန်ဆွလုပ်ကာ
ပြောလိုက်သည်။

ကျောင်းယူနီဖောင်းက ယောကျာ်းလေးတွေဆို
ရှပ်င်္အကျီလက်ရှည်အဖြူနဲ့ စတိုင်ပင်ဘောင်းဘီ
အနက်၊ မိန်းကလေးတွေဆို ရှပ်င်္အကျီလက်ရှည်အဖြူနဲ့ ဒူးဖုံးစကတ်အဝဲအနက်ရောင်လေးဖြစ်
တာကြောင့် အရပ်ပုပု ဆံပင်ဂုတ်ဝဲလေးနဲ့
နန်းရတီက ကလေးနဲ့ပင်တူနေပါသည်။

" ဒီညလည်း စကားပြောကြဦးနော် သိလား.."

" နေ့တိုင်းပြောလို့ကောင်းပါ့မလား.. သူစိတ်ရှုပ်
သွားလို့ ငါ့ကို လုံးဝ စကားမပြောတော့ရင်
ဘယ်လိုလုပ်ရမှာလဲ.."

"ဟဲ့.. ဘာမှမဖြစ်ဘူး..။ နေ့တိုင်းပြော..
တစ်ပတ်လောက်နေပြီးမှ.. လုံးဝသွားမပြောတော့ဘဲ ယတိပြတ် ဖြတ်ချလိုက်..၊ အဲ့ဒီအခါကျ
သူ့စိတ်ထဲ နင်အလိုလို ရောက်သွားလိမ့်မယ်..။
ဒီကောင်လေး ဘာဖြစ်သွားတာလဲ..ဆိုပြီး..။
အဲ့ဒီမှာစပြီး နင့်ကို သူစိတ်ဝင်စားသွားလိမ့်မယ်.."

အားတက်သရော အကြံဉာဏ်ပေးနေသည့်
နန်းရတီကို ထက်နှင်းဝေနဲ့ လွှမ်းသုတက ကြည့်ကာ
ရယ်လ်ိုက်သည်။

ရှန်ခွန်းနောင်ကတော့ မျက်တောင်လေး
ပုတ်ခပ်ပုတ်ခပ်လုပ်ကာသာ နန်းရတီ၏ စကားကို ဂရုတစိုက် နားထောင်နေဆဲဖြစ်သည်။

" ရှန်ခွန်းနောင် မင်းမို့ သူပြောတဲ့အတိုင်း
လိုက်လုပ်နေတယ်..။ အဲ့ဒီကလေးမက
သူ့ဟာသူတောင် Fa ဘဝကမကျွတ်ဘူး"

RO ( ရို ) (Completed)Where stories live. Discover now