အပိုင်း(၅)

116K 8.5K 1.7K
                                    

ရှန်ခွန်းနောင်တို့ရဲ့မေဂျာဆောင်ရှေ့တွင်ရှိသော
ထိုင်ခုံတန်းမှာထိုင်နေသည့် အစ်ကို့ကို
တွေ့လိုက်ရသည့် အခါမှ ပြေးလာရသော
ခြေလှမ်းတွေကိုရှန်ခွန်းနောင် ရပ်လိုက်မိသည်။

ဆောင်းကုန်၍ နွေဦးနေပြီမို့ မန္တလေးရဲ့
ရာသီဥတုကမနက်ခင်းပိုင်းမှာကိုပဲ
ပူနွေးစပြုနေလေပြီ။

ကန်တင်းမှနေ၍ မေဂျာသို့
ဆယ်မိနစ်လောက်လမ်းလျှောက်မှ
ရောက်သည့်အကွာအဝေးကို
ငါးမိနစ်လောက်အတွင်း
ရောက်အောင်ပြေးလာခဲ့၍ ရှန်ခွန်းနောင်
အနည်းငယ် မောနေခဲ့သလို နဖူးစပ်တွင်
ချွေးစလေးတွေပင်ပြန်နေသည်။

သို့သော် ဂရုစိုက်မနေအားဘဲ အစ်ကို့ဆီသို့သာ လျှောက်လာခဲ့မိ၏။

ဖုန်း screen ကို ကြည့်နေသော အစ်ကိုက
ရှန်ခွန်းနောင် သူ့ရှေ့တွင်ရပ်လိုက်ပါမှ
မော့ကြည့်လာခဲ့သည်။ 
ထို့နောက် ဖုန်းကို ဘောင်းဘီအိတ်ထဲ
ထည့်လိုက်ပြီး မတ်တပ်ရပ်လာခဲ့သည်။

ခေါင်းတစ်လုံးကျော်ကျော်စာလောက်
ပိုမြင့်သော အရပ်ကြောင့် ရှန်ခွန်းနောင်
အနောက်လေးကို နည်းနည်းဆုတ်ကာ
မော့ကြည့်လိုက်ရသည်။

" ပြေးလာခဲ့တာလား..
ချွေးတွေတောင်ထွက်နေတယ်.."

" ဟို... ဟုတ်တယ်.."

နဖူးမှာရှိသည့်ချွေးစတွေကို
ဝတ်ထားသည့်အပေါ်ထပ်ရှပ်အကွက်
လက်ရှည်အပါးရဲ့ လက်ဖျားနဲ့ ထိသုတ်လိုက်ကာ ခပ်တိုးတိုးဖြေလိုက်မိသည်။

အနည်းငယ် နီးကပ်စွာရပ်နေသည့်
အစ်ကို့ရဲ့ မျက်နှာကိုလည်းသေချာ
မကြည့်ရဲဘဲ ခပ်လွှဲလွှဲလုပ်နေမိ၏။

နှစ်ယောက်တည်း
သေချာစကားပြောပြီးတွေ့ရတာက
ဒါပထမဆုံးလို ဖြစ်နေတာကြောင့်
ပို၍ ရင်ခုန်မိသည်။

အတန်ကြာအထိ အစ်ကို့ဆီက
ဘာသံမှ မထွက်လာတာကြောင့်ရှန်ခွန်းနောင်
မော့ကြည့်လိုက်မိ၏။

ထိုအခါ သူ့ကို စိုက်ကြည့်နေသော
အစ်ကို့ရဲ့
မျက်ဝန်းနက်နက်တွေနဲ့ရင်ဆိုင်လိုက်ရသည်။
အသားအရည်ဖြူသူမို့
သဘာဝအတိုင်းပန်းသွေးရောင်သမ်းနေသည့်
နှုတ်ခမ်းတွေကလည်း မသိမသာပြုံးနေလျက်..။

RO ( ရို ) (Completed)Where stories live. Discover now