အပိုင်း(၂၁)

120K 7.3K 411
                                    

" ကိုကို .. ဒုက္ခပဲဗျ.."

ဖုန်းထဲမှ ကြားလိုက်ရသည့်တစ်ခုခုကို စိုးရိမ်နေဟန်
ရှိသော ရှန်ခွန်းနောင်၏ အသံတိုးတိုးလေးကြောင့်
စိုင်းအံ့သျှိုင်းယံပြုံးလိုက်မိသည်။

ဒီနေ့က ကျောင်းသင်္ကြန်နေ့ဖြစ်သည်။

ထိုကလေးရဲ့ သူငယ်ချင်းတွေကလည်း
ကျောင်းမလာသဖြင့် ကျောင်းကားနဲ့
မလိုက်ဘဲ သူနဲ့အတူ ကျောင်းသွားမယ် ဟုမနက်က
ဖုန်းဆက်လှမ်းနှိုးရင်းပြောလာတာကြောင့်
လာကြိုရခြင်းပင်။

အခုအိမ်ရှေ့ကိုရောက်ခါနီး သူဖုန်းခေါ်တော့မည့်
အချိန်မှ အချိန်ကိုက်ဖုန်းဝင်လာကာ
ထိုစိုးရိမ်နေသည့်အသံသေးသေးလေးဖြင့်
ပြောလာခြင်းပင်။

" ဘာဖြစ်လို့လဲ ...ကလေးလေးရဲ့.."

" မေမေရှိနေတာ..။
ဒီနေ့ ခါတိုင်းလို မေမေအပြင်သွားမယ်ထင်လို့
ကျွန်တော်က ကိုကို့ကို အိမ်ကပဲစောင့်ပြီး
လမ်းထိပ်ထွက်မလာမိဘူး။ အဲ့ဒါ ဘယ်လို လုပ်ရ...."

တကယ်ပင် အကြပ်ရိုက်နေဟန်ရှိသည့်
အသံလေးကြောင့် သူအသည်းယားစွာ
ရယ်လိုက်မိသည်။

" ဘာဖြစ်လို့လဲ..။ ထွက်လာခဲ့လေကွာ..။
သားရဲ့ ကိုကို လာခေါ်နေပြီမေမေလို့ပြောခဲ့.."

" ဟာ.. ကိုကိုနော်..။ စမနေနဲ့..!"

ရှန်ခွန်းနောင်၏ အသံက ခပ်ဆောင့်ဆောင့်
လေးထွက်လာသည်။

" ကိုယ်အိမ်ထဲကို လာခေါ်ရမလား.."

" ဘယ်ဖြစ်မှာလဲ.."

" အဲ့ဒါဆိုမသွားတော့ဘူးလား ကျောင်းသင်္ကြန်"

" သွားမှာ..။ကျွန်တော်က တကယ့် သင်္ကြန် ဆို
အိမ်ရှေ့မှာရေပက်ရုံကလွဲပြီး ဘယ်မှ
သွားရတာမဟုတ်ဘူး ကိုကိုကလည်း..."

" ကဲ.. ကိုယ်လာခေါ်ပေးမယ်။ မင်း မေမေကို
ကိုယ်ပြောပေးမယ်.."

" ဟာ ကိုကို..! မရဘူးလေ.."

" ရပါတယ်ကွာ..။ ဒါပဲနော် ကိုယ်ဖုန်းချပြီ။
မင်းရဲ့အိမ်ရှေ့ရောက်နေပြီ.."

RO ( ရို ) (Completed)Dove le storie prendono vita. Scoprilo ora