Unicode
" ကိုနေ သတိရပီလား"
နေလရောင် လူးလဲထလိုက်လျှင် နာကျင်နေဆဲခန္ဓာကိုယ်က တော်ရုံနှင့်မထနိုင်ပေ။
" ကိုနေ ဖြည်းဖြည်း အခုထိဒဏ်ရာတွေကအရှင်းပျောက်သေးတာမဟုတ်ဘူး"
" ဒီနေ့ဘယ်နှရက်နေ့လဲ အပေးအယူကိစ္စရောဘယ်လိုဖြစ်သွားလဲ"
" ဒီနေ့က nov 16 ကိုနေသတိမေ့နေတာ၂လကျော်ကြာသွားပီ အပေးအယူကိစ္စကတော့အောင်မြင်သွားတယ်"
" ဘယ်လိုရှင်းလိုက်တာလဲ "
" jakkyနဲ့ကျွန်တော်နဲ့ရှင်းလိုက်တာ ကိုနေသတိပြန်မရမချင်း အကုန်အစဖျောက်ထားတယ်"
"Boss ဆရာဝန်ရောက်ပါပီ"
"အေး jakky ခေါ်ခဲ့လိုက်"
" ကိုနေ သတိရတယ်ဆိုတာနဲ့ကျွန်တော်ဆရာဝန်ခေါ်ထားလိုက်တာ ဘယ်နားဘာဖြစ်သေးလဲစစ်ဆေးရအောင်လို့"နေလရောင် စိတ်ပူနေသည့်အပေးအယူကိစ္စရှင်းသွားပီဖြစ်သောကြောင့် စိတ်အေးလက်အေး ဆရာဝန်စမ်းသပ်တာကိုခံယူနေမိသည်။
စီးပွားရေးလောကမှာ leo ဆိုတဲ့နာမည်တစ်လုံးနဲ့ လူသိများတဲ့သူ့ကို သူငယ်ချင်းလိုရော လူယုံတစ်ယောက်လိုရောဖြစ်နေတဲ့ nikကိုသာ နာမည်အရင်းပြောပြပီး ကိုနေဟု ခေါ်ခိုင်းခဲ့၏ ။
nikကတော့ သူသွားရာမှာအမြဲပါတက်ပီး သူလုပ်ရမယ့်အချို့အလုပ်တွေတောင် nik နဲ့လွှဲထားလို့ရသည်အထိတော်သည်။ဒါကြောင့်လည်း ဒီအန္တရာယ်များတဲ့အပေးအယူကိစ္စကို သူသတိပြန်မရလာခင် ဖြေရှင်းနိုင်ခြင်းဖြစ်သည်။
အခြားအလုပ်သမားတွေ သက်တော်စောင့်တွေကတော့ Boss ဟုသာခေါ်ကျသည်။တော်တော်များများကလည်း မြန်မာစကားပြောတက်သူတွေချည်းသာဖြစ်၏ ။
" nik ဆရာဝန်ပြန်သွားရင် ခနလာအုံး ငါမေးစရာရှိသေးတယ်"
" ကိုနေဘာမေးမလို့လဲ မေးလေ"
" အဲ့နေ့ကမင်းငါ့ကို ဘယ်ချိန်တွေ့တာလဲ ဘယ်မှာတွေ့တာလဲ"
ဒီအလုပ်ကိစ္စကြောင့် တခုခုအန္တရာယ်ဖြစ်တော့မည်ကိုနေလရောင်သတိထားမိပေမယ့် အဲ့နေ့ကသွားမယ့်လမ်းကြောင်းကို ဘယ်သူ့မှမခေါ်ပဲ တစ်ယောက်တည်းထွက်လာခဲ့၏ ။
KAMU SEDANG MEMBACA
Endless Love (Completed)
Romansaကိုယ့်ရဲ့အသက်ကိုကယ်ပေးခဲ့တဲ့ ကောင်မလေးကို မေ့လို့မရအောင်ချစ်မိသွားခဲ့တဲ့ နေလရောင် ကိုယ့်ကိုချစ်ပါတယ်လို့အတွင်တွင်ပြောနေတဲ့ သူ့ရဲ့အဝေးကိုပဲ ထွက်ပြေးချင်နေမိတဲ့ လင်းလက်လ သူတို့နှစ်ယောက်ရဲ့အဆုံးသတ်ကဘာတွေများဆက်ဖြစ်မှာလဲ ဆုံစည်းမှာလား ကွဲကွာမှာလား....