အပိုင်း(၁၃)

3.3K 119 1
                                    

Unicode

"ကိုနေ ကျွန်တော်တို့အရောင်းအဝယ်ဖြစ်သွားပီ နောက်လုပ်မယ့်အလုပ်ကိစ္စကိုတော့သူ့တပည့်နဲ့လွှဲထားတယ်ပြောတယ်"

"ဟုတ်ပီ တခြားရောငါဝင်ပါရမယ့်ကိစ္စတွေရှိသေးလား"

"မရှိတော့ပါဘူး ဒါပေမယ့်သူကကိုနေနဲ့တွေ့ခွင့်ရဖို့ကို အခုထိတောင်းဆိုနေတုံးဇွဲမလျော့သေးဘူး"

"ထားထားလိုက် ငါပြောတဲ့အတိုင်းပဲမင်းတို့လုပ်"

"ဟုတ်ကဲ့ကိုနေ"

"ဪnikသူရောဘယ်လိုအခြေနေရှိလဲ"

"အမmoonကိုပြောတာလား ကိုနေနဲ့ပြဿနာတက်တဲ့နေ့ထဲကအခန်းထဲကနေအပြင်ကိုမထွက်တော့တာ"

"ငါရှိနေတဲ့အချိန်အပြင်မထွက်တာကိုသိတယ် ငါမရှိတဲ့အချိန်ရော"

"မထွက်ဘူးကိုနေ ကျွန်တော်အမmoonကိုမမြင်မိတာအဲ့နေ့ထဲကအခုထိပဲ"

"ငါသိပီမင်းလုပ်စရာရှိတာသွားလုပ်တော့"

နေလရောင်အလုပ်ကိစ္စအချို့ကိုအမြန်အပီးသတ်လိုက်ပီး နာရီကိုကြည့်လိုက်တော့ ညနေ၄နာရီကျော်ရှိနေပြီ။

ဒီတလောအလုပ်ကိစ္စတွေကသူဝင်ပါရမည့်အလုပ်တွေချည်းဖြစ်နေသည်မို့ သူမနဲ့စကားပြော ရန်ဖြစ်ခွင့်မရှိခဲ့။သူမဆီသွားလိုက်တိုင်းအိပ်ပျော်နေသည်မို့ အိပ်ပျော်နေသည့်မျက်နှာလေးကိုသာငေးကြည့်ရင်းသူပြန်လာခဲ့ရသည်။ဒီနေ့တော့ရအောင်စကားပြောမည်ဟုဆုံးဖြတ်ထားသဖြင့်အလုပ်တွေကိုအမြန်လုပ်နေတာတောင် ညနေစောင်းသွားပီဖြစ်သည်။

moonရှိတဲ့အခန်းထဲကိုနေလရောင်ဝင်လိုက်တော့ သူမကဝရံတာမှာလက်လေးတင်ထားပီး အဝေးကိုငေးကြည့်နေရာ..

"moon"

"ဟင်"

ရုတ်တရတ်ခေါ်သံကြောင့် moonနောက်ပြန်လှည့်ကြည့်တော့ အနက်ရောင်အနောက်တိုင်းဝတ်စုံပြည့်ဝတ်ထားပီး အပြင်ကပြန်လာသည့်ပုံစံနှင့်သူမကိုစိုက်ကြည့်နေသည့်နေလရောင်

moonရှေ့သို့ပြန်လှည့်ကာ သူ့ခေါ်သံကိုဂရုမစိုက်ပဲနေခဲ့လျှင်..

Endless Love (Completed)            Where stories live. Discover now