အပိုင်း(၅)

4.4K 152 0
                                    

Unicode

" moon နင်ပန်းအိုးဖိုးအများကြီးလျော်လိုက်ရလား"

moon စိတ်ပျက်လက်ပျက်အနေထားနှင့်

" ဒေါ်လာ ၁၀၀ လျော်လိုက်ရတယ်"

" နောက်ရောဘာဆက်ဖြစ်သေးလဲ"

" ဒါပဲလေ ဘာဆက်ဖြစ်ရမှာလဲ"

cindyကအလိုမကျစွာကြည့်လိုက်ရင်း

" ငါအဲ့နေ့ကမြင်လိုက်ပါတယ်နော် နင်အဲ့အခန်းထဲကထွက်လာတော့ မျက်နှာတစ်ခုလုံးနီရဲနေတာကို"

" ပေါက်ကရတွေလျှောက်မပြောပါနဲ့ဟာ"

" နင်နဲ့သူနဲ့ဘယ်အခြေအနေထိရောက်ပီလဲ"

" ဘာကိုလဲ"

" အခြေနေကိုပြောတာလေဟာ"

" ငါစိတ်ထဲမှာဖြစ်တဲ့အတိုင်းပြောရမယ်ဆိုရင် ငါသူ့ကိုတစ်နေရာရာမှာမြင်ဖူးနေသလိုပဲ"

" ဟုတ်လို့လားဟ ငါတော့မမြင်ဖူးဘူး"

" ထားပါတော့ ဒါနဲ့kateရောသက်သာသွားပီလား သူ့မိဘတွေအိမ်ရောက်နေတော့ ငါလည်းမသွားဖြစ်ဘူး"

"အင်းသက်သာသွားပီ တစ်ယောက်တည်းနေတာထက်စာရင် နေမကောင်းတဲ့အချိန်မိဘနဲ့အတူနေတာကပိုကောင်းတယ်လေ "

" အင်းအဲ့ဒါတော့ဟုတ်တယ် ငါလည်းပန်းအိုးဖိုးလျော်လိုက်ရတာနဲ့သုံးဖို့မရှိတော့ဘူး အာ့ကြောင့်အချိန်ပိုင်းအလုပ်လုပ်နေရတာနဲ့ သူ့ဆီမရောက်ဖြစ်တာ"

" ငါသူ့ကိုပြောပြပါတယ် moonကအဲ့ဒါကြောင့်မလာနိုင်တာလို့ သူကတောင်စိတ်မကောင်းဖြစ်နေသေးတယ် သူ့ကြောင့်နဲ့ဖြစ်တာဆိုပီးတော့"

" အဲ့လိုလည်းဘယ်ဟုတ်မလဲ ငါပေါ့ဆမိလို့ပါ"

" နင်အခုkateဆီသွားမှာမလား ငါမေးတယ်လို့ပြောပေးနော် ရော့ ဒီမှာ သူ့အတွက်ငါဝယ်ထားတာ"

moonပေါင်မုန့်ထုပ်လေးကိုcindyကိုလှမ်းပေးရင်းပြောလိုက်သည်။

" နင်လည်းအခုအချိန်ပိုင်းအလုပ်သွားမှာမလား ဂရုစိုက်သွားအုံးနော်"

" အင်း bye.."

cindyနဲ့လမ်းခွဲလိုက်ပီး အချိန်ပိုင်းအလုပ်သွားဖို့ထွက်လာခဲ့သည်။

Endless Love (Completed)            Where stories live. Discover now