အပိုင်း(၂၁)

3.2K 90 1
                                    

Unicode

စီးပွားရေးလောကမှာတောင် စိတ်မရှည်တက်သည့်သူက သူမနှင့်ပတ်သက်လာကာမှ အရာရာကိုစိတ်ရှည်နေရသည်။ အခုလည်းမြန်မာပြည်ရောက်တာတစ်လကျော်ကြာခဲ့ပြီကို သူမနဲ့တွေ့ရသည့်ရက်တွေကသူမအိမ်သွားမှသာဖြစ်ပီး သွားတိုင်းလည်းသူမမိဘတွေနှင့်သာ စကားပြောရမြဲ။

သူမကိုဒီကိုခေါ်လာမိတာမှားသွားပြီလားလို့ စိတ်ထဲတွေးနေချိန် ဖုန်းမြည်လာတာကြောင့်ထုတ်ကြည့်လိုက်တော့ လွမ်းနေရတဲ့သူမလေးဆီက...

"ဟယ်လို moon"

"ကို ဘာလုပ်နေလဲ"

"ကိုယ်စဉ်းစားနေတာ moonကိုပြန်ပေးဆွဲပြီး နယူးယောက်ပြန်မလားလို့ ကိုယ်မင်းကိုမတွေ့ရတာ ကြာနေပြီဆိုတာသိရဲ့လား ကိုယ်အဲ့လောက်ထိစိတ်ရှည်တဲ့သူမဟုတ်ဘူး မင်းမိဘတွေနဲ့ရှိနေတုံးမှာ စိတ်မညစ်စေချင်လို့"

"ဟုတ်ပါပြီ မနက်ဖြန်နှစ်ယောက်ထဲတွေ့ကျမယ်နော် moonမွေးနေ့ဆိုတော့ ဘုရားသွားကျမယ်"

အနည်းငယ်မာချင်နေသည့်အသံကသူမစကားသံကြားတော့မှ ပြေလျော့သွားပီး

"ကိုယ်လာခေါ်မယ် အိမ်ကနေပဲစောင့်နေနော်"

"ဟုတ်"

..................

"ကို စကားလည်းမပြောပါလား ဘာဖြစ်လို့လဲ"

"ဘာမှမဖြစ်ပါဘူး"

အိမ်ကနေလာသည့်တစ်လျှောက်လုံးမှာ သူမကိုကြည့်လည်းမကြည့်စကားလည်းမပြောပဲ ဘုရားကိုသာတန်းပီးလိုက်ပို့သည်။ အခုပြီးတော့လည်းဘာမှမပြောတာကြောင့် သူမလည်းဆက်မပြောတော့ပဲ ဆက်လျှောက်သွားရာကားနားရောက်ခါနီးမှ ဆွဲဖက်လိုက်တာကြောင့်

"အမေ့ ရှင်.."

"ကိုယ့်ကိုသတိမရဘူးလား ကိုယ်တော့မင်းကိုလွမ်းလို့ ဘာအလုပ်မှလုပ်လို့လည်းမရဘူး အချိန်တိုင်းအာရုံထဲမှာမင်းကစိုးမိုးနေတယ်"

တိုးလျတဲ့အသံနဲ့အတူမျက်နှာအနှံ့ကိုပွတ်တိုက်နမ်းရှိုက်နေသည်က ပျောက်နေသည့်ကလေးတစ်ယောက်ကိုပြန်တွေ့သည့်နှယ်..

ထို့နောက်သူ့နှုတ်ခမ်းတွေကသူမနှုတ်ခမ်းဆီကိုဦးတည်လာတော့မှ

Endless Love (Completed)            Where stories live. Discover now